အပိုင်း(၂၇)

2.1K 82 0
                                    

"ကို နောက်နေတာလား"

"နောက်နေတာမဟုတ်ဘူး ယွန်း... ကို့မှာ လက်စွပ်ပါလာတယ်... ဒီမှာ"

"ဟင့်အင်း..."

"ယွန်း..."

"ယွန်းတို့ပြောထားပြီးသားမလား ယွန်းအခုချိန် အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးဘူး..."

"ကိုသိတယ် ကိုသိပါတယ် ဒါပေမယ့် ကို... ကို...
ကို ယွန်းကို အဆုံးရှုံးမခံနိုင်ဘူး..."

"ယွန်းကို ကိုက ဘာလို့ ဆုံးရှုံးရမှာလဲ... ကိုဘာတွေကြောက်နေတာလဲ..."

"ခေတ်သွေးကြောင့် ကိုယွန်းကို ဗြုန်းစားကြီး လက်ထပ်ခွင့်တောင်းတာဆိုရင်တော့ ကိုယွန်းရဲ့ အချစ်ကို မယုံကြည်တာပဲ..."

"ကို... ယွန်းကို ယုံတယ်... ကိုမယုံတာ သူ့ကိုပါ..."

"ကို့မှာ အဲ့လောက်တောင် ယုံကြည်မှုမရှိဘူးလား... အခုချိန်မှာ ယွန်းနဲ့ဆိုင်တာ ကိုပါ သူမဟုတ်ဘူး... ယွန်းတို့ ဒီလောက်ထိပဲ ပြောရအောင် ယွန်းသွားတော့မယ်..."

ခေတ်သွေး ပေါ်မလာခင်ထိ သူမတို့နှစ်ယောက်သည် အေးချမ်းခဲ့သည်။ အခုတွင်တော့ ဘယ်နေရာကစ မှားယွင်းခဲ့တာလဲ....

"ယွန်း... နောက်လမှာ ခေတ်သွေးကို J နိုင်ငံက ပွဲတခုဖိတ်ထားတယ်... အဲဒါ ယွန်းပါ လိုက်သွားရမယ်နော်..."

"ဟုတ်မမ... ယွန်းပြောချင်တာတခုရှိတယ်..."

မမြတ်ကေသီသည် ယွန်းလှနွယ်၏ အလေးအနက်စကားသံကြောင့် သူမ လုပ်လက်စကို ရပ်ကာ စားပွဲမှ ထလာပြီး ရုံးခန်းထဲရှိ ဆိုဖာဆီသို့ လျှောက်သွားလေသည်။

"လာ..."

ယွန်းလှလည်း ဆိုဖာတွင် ဝင်ထိုင်ကာ

"ယွန်း နှုတ်ထွက်စာ တင်ချင်လို့ပါ..."

"ဟင်းးး..."

"ယွန်း... လူသစ်ကို သင်ပြီးတဲ့ထိ ၃ လ လုပ်ပေးပါမယ်မမ"

မမြတ်ကေသီ၏ သက်ပြင်းချသံနောက်တွင် ယွန်းလှကာ ထပ်ကာပြောလိုက်သည်။

"ယွန်း... ဒီကထွက်ရင်ကော ဘာဆက်လုပ်ဖို့ စိတ်ကူးရှိလဲ... ပြီးတော့ ယွန်းပဲ အမကိုပြောတော့ ယွန်း talent management လုပ်ရတာကို ဝါဿနာပါတယ်ဆို..."

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now