အပိုင်း (၆၃)

1.4K 75 2
                                    

ယွန်းလှအိမ်ပြန်ရောက်ပြီးနောက် သူမ ညလုံးပေါက် ငိုခဲ့လေသည်...

Rio လေး ၃ လပြည့်နေ့မှာ ထိုကဲ့သို့ဖြစ်ရသည့်အတွက် သူမစိတ်မကောင်းချေ....နောက်တစ်နေ့မနက်တွင်တော့ သူမ အသိရှေ့နေ့တစ်ယောက်ကို ဆက်သွယ်ကာ ခေတ်သွေးဆီသို့ လက်မှတ်ထိုးထားသည့် ကွာရှင်းစာချုပ်ကို ပို့ခိုင်းလိုက်လေတော့သည်...

"ဟဲလို... ကိုသက်ပိုင်... ယွန်း... ပြင်ဦးလွင်ခရီးကို လိုက်ဖြစ်မယ်ထင်တယ်..."

"တကယ်လား ယွန်း... ကျေးဇူးပါပဲ... အဲဒါဆို ကိုယ်သွားမယ့်ရက်နဲ့အချိန် ပြန်ပြောပေးမယ်နော်..."

"အင်း..."

သူမဆိုင်မှ ဝန်ထမ်းများအား လွဲစရာရှိတာလွဲပြီး ခရီးသွားဖို့ပြင်လိုက်လေသည်... ဒီအခြေအနေနဲ့ ရန်ကုန်မှာဆက်နေနေရင် သူမရူးသွားလိမ့်မည်... စိတ်ပြေလက်ပျောက် တစ်နေရာရာကို ပြေးထွက်ချင်နေမိသည်...

"အကိုလေး.... ကိုသက်ပိုင် ရန်ကုန်ရောက်နေပါတယ်...."

"အင်း ဘာဖြစ်လို့လဲ..."

"ဒီရက်ပိုင်း မမလေး အိမ်ကို အဝင်အထွက်လုပ်နေတယ်ပြောတယ်..."

"အင်း... "

"ဆိုင်ကဝန်ထမ်းတွေကတော့ မမလေး ပြင်ဦးလွင်ဘက်ကို သွားဖို့ပြင်နေတယ်ပြောတယ် ဒီနေ့ ညနေ သွားမှာအကိုလေး..."

"ဗညားတို့အနားမှာရှိလား..."

"ဟုတ်ကဲ့ သူတို့ တောက်လျောက်ရှိနေပါတယ်အကိုလေး..."

"အင်း တစ်ခုခု ထူးခြားတာရှိရင် ချက်ချင်းပြောခိုင်း..."

"သိပါပြီ အကိုလေး..."

ခေတ်သွေးသည်လည်း သူမကို စိတ်ရှုပ်စရာတွေကနေ ခဏလောက်တော့ လွတ်မြောက်စေချင်မိသည်... သက်ပိုင်သည် သူတို့နှစ်ယောက်ကွာရှင်းသည့် သတင်းကြား၍ ရောက်လာတာလည်း ဖြစ်နိုင်သည်... သူသည် ယွန်းလှကို ထိခိုက်အောင်လုပ်မည်သူမဟုတ်ဟု ခေတ်သွေးထင်မိလေသည်...

ယွန်းလှသည် ဒီညနေတွင် သက်ပိုင်နှင့် ပြင်ဦးလွင်တက်ဖို့ အဆင်သင့်လုပ်ရင်းစောင့်နေလိုက်လေသည်... သူ့လူများသည် အရင်တက်သွားနှင့်ပြီဟုဆိုကာ ယခု သူနှင့် သူမ နှစ်ယောက်တည်း တစ်စီးသပ်သပ်သွားရမည်ဖြစ်သည်...

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now