အပိုင်း (၇၃)

1.2K 69 5
                                    

ယွန်းလှသည်လည်း ပျံလွှားပြန်ရောက်လာသည့်အခါ ခေတ်သွေးကို မေးနေရာမှ ပျံလွှားဆီရောက်သွားလေသည်

"အော် ပြန်ရောက်လာသေးသားပဲ ကျွန်မက အိမ်ပြန်သွားပြီထင်တာ..."

သူမ၏ စနောက်သံအဆုံးတွင်တော့ ပျံလွှားက ခေါင်းကုတ်ကာ စပ်ဖြီးဖြီးဖြင့် ကားထဲဝင်လာသည်...

"ဟီး ... ကျွန်တော် လမ်းလေးနည်းနည်းပျောက်သွားလို့ပါ..."

ယွန်းလှလည်း ပျံလွှားအား မျက်စောင်းတချက်ထိုးကာ ကားပေါ််မှဆင်းဖို့ပြင်လိုက်သည်... သူမ ကားတံခါးပိတ်ခါနီးတွင်တော့....

"မင်း alpha group နဲ့ အလုပ်တွဲမလုပ်တာ အကောင်းဆုံးပဲ..."

ခေတ်သွေး၏စကားကြောင့် သူမ တံခါးကို ပိတ်မည့်လက်များက လေထဲတွင်ရပ်သွားလေသည်...

"ဘာဖြစ်လို့လဲ ကျွန်မတို့ proposal တွေ အကုန်တင်ပြီး agreement meeting အတွက်တောင် ချိန်းပြီးနေပြီ..."

"သူတို့က မင်းပတ်သတ်သင့်တဲ့သူတွေမဟုတ်ဘူး... ငါပြောတာ မှတ်ထားပါ... ပျံလွှားမောင်းတော့..."

ခေတ်သွေးသည် ပြောပြီးတဆက်တည်း ကားတံခါးကို ဆွဲပိတ်ကာ ပျံလွှားအား ထွက်ခွါခိုင်းလေသည်

ထိုစဉ်တွင် သူမမေ့နေသည့်အရာတခု ခေါင်းထဲတွင် ပြန်ပေါ်လာလေသည်... ယွန်းလှနွယ်တစ်ယောက် သူမအခန်းရှိရာသို့ အမြန်ပြန်ကာ laptop ကိုဖွင့်ရင်း ခေတ်သွေးအကြောင်းကို ခပ်မြန်မြန်ရှာဖွေလေတော့သည်...

သူမတွေ့ပြီ ဂျပန်က သဘောတူညီမှုပွဲတစ်ခု alpha group နံမည်ဖြင့် တက်ရောက်သူက ခေတ်သွေးပုံပင် ... ထိုစဉ်က suit အပြည့်နှင့် ဆွဲဆောင််မှုလွန်ကဲနေသည့် ခေတ်သွေးပုံသည် နှုတ်ခမ်းနီမလေးများကြားထဲ အတော်ရေပန်းစားသွားခဲ့သေးသည်...

သူသည် သူမနှင့် ထိုမျှလောက်မပတ်သတ်ချင်နေသည်လား... ဒါဆိုရင် သူမနား မသိမသာပေါ်ပေါ်လာတတ်သနည်း... alpha သည် ထွန်းကော်ပိုရေးရှင်းနှင့် ပူးတွဲ group ဖြစ်ရာ သူမတို့ကို ခေါ်ခဲ့သည်မှာ ကိုမြတ်ထွန်းခေါင် ဖြစ်ရပေမည်... ကလောက ဟိုတယ် project အခု ဒီစီမံကိန်း သူတို့က သူမကို ဘာဖြစ်စေချင်နေကြသနည်း...

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now