ယွန်းသည် ထိုနေ့က နေလို့မကောင်းသည်ဟုသော အကြောင်းပြချက်ဖြင့် သက်ပိုင်အား ပွဲမှ စောစောပြန်ပို့ခိုင်းခဲ့သည်....
နောက်တစ်နေ့တွင်
"ယွန်း ဒီနေ့ ဆေးရုံကို ကို တစ်ယောက်တည်းသွားလိုက်မယ်..."
"အင်း..."
သက်ပိုင်သည် သွားခါနီး Rio လေးအား ခဏပွေ့ချီရင်း ယွန်းလှကို ဆွေးမြေ့စွာ ကြည့်လိုက်လေသည်...
သက်ပိုင်ကားထွက်သွားပြီး အတန်ကြာ
"အယ် ဆရာက ဒါတွေမေ့ကျန်ခဲ့တယ်..."
ဦးဇေယျအတွက် ပြင်ဆင်ပေးထားသော အစားအစာများအား မယူသွားနိုင်သည့်အထိ သက်ပိုင် ဘာတွေများ အတွေးများနေခဲ့ပါလဲ....
"ယွန်းကိုပေး ယွန်းသွားပို့ပေးမယ်... rio လေးကို ခဏကြည့်ထားပေးနော်..."
"ဟုတ် မမလေး..."
"အဖေ...."
သက်ပိုင် ဆေးရုံရောက်ချိန်တွင် ဦးဇေယျသည် တဖက်သို့လှည့်ကာ စောင်းအိပ်နေသည်...
သက်ပိုင်လည်း ထိုင်နေကျ ဘေးခုံတွင် ထိုင်ကာ...
"မနေ့က ခေတ်သွေး လာသွားတယ်ဆို အဖေစကား ပြန်ပြောနိုင်ပြီပြောတယ်...."
"ပြီးတော့ ကျွန်တော်တို့ ဝဠ်လည်တယ်ဆိုတာ ဘာကိုပြောတာလဲအဖေ...."
အတန်ကြာသည့်အထိ ဦးဇေယျသည် တိတ်ဆိတ်နေခဲ့သည်....
ထို့နောက်...
"သားညီမလေး အဆုံးစီရင်သွားတာ ခေတ်သွေး သူမကို ကျူးလွန်ခဲ့လို့မဟုတ်ဘူး...."
"ဗျာ... အဲဒါဆို ဒိုင်ယာရီထဲက..."
ပွင့်ကေခိုင်၏ တိုက်ခန်းသို့ရောက်သော်အခါ...
ခေတ်သွေးသည် သူမအား တပ်မက်စွာ နမ်းရှိုက်နေခဲ့သည်...
သို့သော် ရုတ်ချည်း သူမအား တွန်းထုတ်လိုက်လေသည်...
"မင်းက ယွန်းမဟုတ်ဘူး..."
"ကိုကို ဘာတွေပြောနေတာလဲ..."
"ယွန်းက ငါ့ကို ကိုကိုလို့မခေါ်ဘူး ပြီးတော့ သူမက ဒီလိုမျိုးလုပ်တာတွေကို လက်သင့်မခံဘူး...."