"ဇင်လေးကော နေကောင်းလား သမီး..."
"ဟုတ် ကောင်းပါတယ် ဦးလေး"
"အင်း သမီး အမေနဲ့တွေ့ရင် ဦးက သတိရကြောင်း ပြောပေးပါကွယ်..."
"ဟုတ်ကဲ့ ဦးလေး.."
"ဒါနဲ့ သမီးက ဘယ်နှရက်နေမှာလဲ..."
"သမီး ဒီမှာမနေပါဘူး ဦးလေး သမီးတည်းစရာ ရှာထားပြီးသားပါ..."
"ဟေ ဟုတ်လား.. မင်းတို့လူငယ်တွေ အတွေး လိုက်မမှီပါဘူးကွာ...ဟား ဟား..."
"ဒါပေမယ့် သူက သမီးကို ဒီက ပေးမသွားလို့ ဦးလေးကူညီ နိုင်မလားဟင်..."
"ဒါများ ရတာပေါ့ သမီးသွားချင်တဲ့ဆီ ဦးလိုက်ပို့ပေးမယ်..."
အိမ်ရှင်မရှိသော အိမ်တွင် ဧည့်သည် ၂ ယောက်ဝင်ထိုင်ကာ အိမ်ရှင်မရောက်ခင်ဘဲ ပြန်ထွက်သွားကြသည်...
မည်သူမှ မတားရဲ....
"ဘာ... တောက်... ဒယ်ဒီကလား... ငါသိပြီ..."
ခေတ်သွေးဆီသို့ ဝင်လာသော ဖုန်းသည် ကလောမှ အခြေအနေကို တင်ပြသော ဖုန်းဖြစ်ပေသည်...
ဒယ်ဒီ ဘာဖြစ်ချင်နေတာလဲ... ဒီတခါကော သူမနဲ့ ကိုင်ပြီး သူ့ကိုထိန်းချုပ်ချင်နေတာလား... သူက ၁၈ နှစ်အရွယ် ကလေးတစ်ယောက် မဟုတ်တော့တာကို ဒယ်ဒီသိပါလေစ...
ငယ်စဉ်က ဒယ်ဒီ့လက်တိုလက်တောင်းလုပ်ပေးရင်း သူ့မှာလည်း အခုဆို သေဆိုသေ ရှင်ဆိုရှင်တွေ ရှိနေပြီပင်...
သူဒါတွေကို မလုပ်တော့တာ အမေဆုံးပြီးကတည်းကဆိုပင်မယ့် သူ့လူတွေကတော့ သူ့အတွက်ဘယ်အချိန်မဆိုအဆင်သင့်ပင်..."တီ... တီ... တီ..."
"ဟဲလို..."
"ခဗျား ယွန်းလှကို ခေါ်ထုတ်သွားတယ်ဆို..."
"ဟဟ သားရာ ကို့အဖေကို ဘယ်လိုခေါ်လိုက်တာလဲ...
"အဖေက အဖေပီသမှပေါ့ဗျာ... သားသမီးတွေကို ခွေးလိုနွားလိုခိုင်းစားပြီး အဖေဆိုတာကြီးတော့ မတပ်နဲ့ပေါ..."
"ကြိုက်တယ် ငါ့သား... အဖေက ကလေးမလေး တောင်းဆိုလို့ ကူညီပေးရုံပါကွာ...ဒါနဲ့ ငါ့သား သူ့အမေ အကြွေးတွေက အဖေ့ဆီမှာ အများကြီးနော်... သားလိုချင်ရင် အဖေ အကြွေးနဲ့ သိမ်းပေးလို့ရပါတယ်ကွာ..."