အပိုင်း (၃၆)

1.8K 71 3
                                    

"ယွန်းတို့ ထွက်လာတာ တော်တော် ဝေးနေပြီနော်... မြို့ပြင်တောင် ရောက်လာပီ..."

"အင်း ပဲခူးက ကို့ခြံတစ်ခုဆီ ခေါ်သွားချင်လို့ပါ..."

"ခြံတစ်ခု...?"

ယွန်း သက်ပိုင်ကိုသိထားသည်ကား အိမ်က အသင့်အတင့်ပြည့်စုံကာ Freelance graphic designer လုပ်သည်ဆိုရုံလောက်သာ...

"အင်း အဲ့ခြံက အခုကို့နံမည်နဲ့ဖြစ်သွားပြီ ငယ်ငယ်ကဆိုကိုတို့ မိသားစု နွေရာသီပိတ်ရက်တွေမှာ အဲ့မှာပဲ သွားနေကြတာ... အခုမရောက်ဖြစ်တာတောင် နှစ်အတော်ကြာပြီ..."

"အော်... ဒါပေမယ့် ယွန်းကိုဘာလို့ အဲဒီ့ကို..."

"ဟိုရောက်ရင် သိလိမ့်မယ်နော် ယွန်း... "

"အင်း...."

ယွန်းတို့ ခြံကိုရောက်တော့ အတော်လေးပင် ကျယ်ဝန်းသည် ခြံဝင်းထဲရှိ အိမ်ဆီကိုပင် တော်တော်ဝင်ရသည်... ခြံအပြင်ဘက် မလှမ်းမကမ်းမှာတော့ ဂိုဒေါင်တစ်ခုကို ယွန်းလှတွေ့လိုက်သည်...

"လာလေ ယွန်း... ဝင်ခဲ့... ကို့လူတွေကို မနေ့ကတည်းက သန့်ရှင်းရေးလုပ်ခိုင်းထားတာ..."

"အင်း... ဒါပေမယ့် ယွန်းတို့ ဒီည ဒီမှာ အိပ်မှာလား..."

"လာပါ ယွန်းရဲ့ အရင်ဆုံး ထိုင်ပါအုံး... "

ထိုစဉ် အိမ်ထဲမှာ လူနှစ်ဦးထွက်လာကာ အအေးခွက်ကိုင်လာကြသည်...

"ယွန်း ကားစီးလာရတာ ပင်ပန်းမှာစိုးလို့ ကိုအအေးဖျော်ခိုင်းထားတာ..."

"ဒီလူတွေက....?"

"ကို့လူတွေလေ ယွန်းရဲ့..."

ယွန်းလှသက်ပိုင်ကို ကြောင်ကြည့်နေမိတော့...

"အာ... ဟက်... ကိုမပြောဖြစ်ဘူးထင်တယ်... ကိုက ဇေ group ရဲ့ သားအကြီးဆုံးပါ..."

ယွန်း ဆိုဖာပေါ်မှ ဝုန်းခနဲ ထရပ်လိုက်မိသည်...

ဇေ Group ကိုသူမသိသည်... အဘယ်ကြောင့်ဆိုသော်...

"ဟဲ့ ယွန်း... ခေတ်သွေးက ဇေ group က သမီးနဲ့တွဲနေတယ်ဆို... ငါ့အဲ့ကောင်ကို နားမလည်နိုင်တော့ဘူး..."

ယုဝါသည် သူမနှင့် ခေတ်သွေးအကြောင်း ရင်ဖွင့်လို့ရသည့် တစ်ဦးတည်းသော သူငယ်ချင်းဖြစ်လာခဲ့ပြီးနောက် သူမတို့နှစ်ယောက် သွားအတူ စားအတူဖြစ်လာခဲ့သည်မှာ အတန်ကြာပြီဖြစ်သည်...

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Tempat cerita menjadi hidup. Temukan sekarang