အပိုင်း (၄၂)

1.7K 80 2
                                    

"တွေ့ရတာ ဝမ်းသာပါတယ်..."

"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်..."

"ယွန်းလှနွယ် ဟုတ်တယ်နော်...."

"ဟုတ်ကဲ့..."

"ရောက်ရောက်ချင်း ခိုင်းတယ်လို့မထင်ပါနဲ့ ကျွန်မကို လေဆိပ်မှာ ဧည့်သည့်တစ်ယောက် သွားကြိုပေးနိုင်မလား... သူကလည်း မြန်မာဆိုတော့ ရှင်နဲ့ဆို အဆင်ပြေမှာပါ..."

"ဟုတ်ကဲ့ ကျွန်မ သွားကြိုပေးနိုင်ပါတယ်..."

"အဲဒါဆိုကြိုပြီးရင် ကျွန်မ fenix hotel မှာ စောင့်နေမယ် အဲ့ကိုပဲ ခေါ်လာခဲ့ပါ... ကျွန်မ အဲ့မှာ တွေ့စရာလူရှိနေလို့..."

"ဟုတ်ကဲ့ သိပါပြီ..."

"ဒါနဲ့ သားလေးရှိတယ်ပြောတယ်နော်..."

"ဟုတ်ကဲ့...."

"အလုပ်လာလုပ်လို့အဆင်ပြေရဲ့လား... ကိုသက်ပိုင်က ရှင့်ကို အလုပ်တောင်းပေးတော့ ကျွန်မဖြင့် အံ့သြသွားတာပဲ..."

"ဟုတ်ကဲ့ ယွန်း အလုပ်လုပ်ချင်လို့ပါ... "

"အို ယွန်းလို့ သုံးတာလား အဲဒါပိုနားထောင်လို့သုံးတယ် အဲ့အတိုင်း ပဲသုံးပါ.."

"ဟုတ်ကဲ့ တောင်းပန်ပါတယ်..."

"အယ်... ရပါတယ်... ရှင်တို့ ရန်ဖြစ်ထားကြတာလား အိမ်လည်းခွဲနေတယ်ဆိုတော့လေ...ကျွန်မ အရမ်းစပ်စုသလိုဖြစ်သွားလား... ကျွန်မလက်ထောက်လုပ်ပေးရမှာဆိုတော့ အချင်းချင်းအကြောင်းသိထားကြရင် ပိုကောင်းမလားလို့လေ..."

"ရပါတယ်... ကျွန်မတို့ အင်း... ရန်ဖြစ်ထားတယ်ပဲ ဆိုရမှာပေါ့..."

"ကလေးကော ရှင်နဲ့ပဲလား..."

"ဟုတ်ကဲ့..."

"အဲ့တော့ အခု ကလေးကို ဘယ်သူကြည့်ပေးလဲ..."

"သူက အဖော် လူတစ်ယောက်ထည့်ပေးလိုက်ပါတယ်... ဒါကြောင့် အိမ်မှာ ကြည့်ပေးမယ့်သူရှိပါတယ်..."

"တော်သေးတာပေါ့ နှစ်ယောက်သား မြန်မြန် အဆင်ပြေပါစေနော်..."

"ဟုတ်ကဲ့..."


ယွန်းလှသည် လေဆိပ်တွင် Alpha company ၏ Managing director ဟုဆိုသော သူအား welcome board လေးကိုင်ပြီး စောင့်နေမိသည်...

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now