အပိုင်း (၄၈)

1.7K 78 1
                                    




"အကိုလေး စုံစမ်းခိုင်းထားတာ သိရပါပြီ..."

"အင်း..."

ခေတ်သွေးသည် ထမင်းစားခန်းမှ ထ၍ ပျံလွှားနှင့်အတူ ဧည့်ခန်းဆီသို့ လျောက်သွားလေသည်...

ယွန်းလှသည် အစဉ်အမြဲ ပေါ့ပါးသွက်လက်သည့် ခေတ်သွေးပုံစံကိုသာ မြင်နေကျဖြစ်ပြီး... ယခု သူမရှေ့ဆီ ရင့်ကျက်တည်ငြိမ်နေသည့် ခေတ်သွေးကိုတော့ သူမ အသားမကျသေးချေ...

အိမ်နေရင်း ဖြစ်သည့်အတွက် ချည်သား ရှပ်အကျီအပွကို ကျယ်စိ ၃ လုံးလောက်ဖြုတ်ထားပြီး အောက်က ကာကီဘောင်းဘီ အပွနှင့် တွဲဖက်ဝတ်ထားသည့် ခေတ်သွေးပုံစံသည် မိန်းခလေးများကို ပြုစားနိုင်လေသည်...

သူမ ခေတ်သွေးကို ငေးကြည့်နေရာမှ ခေတ်သွေးဆီမှ သူမကိုလှမ်းကြည့်သည်ကို တွေ့သည့်အခါ မျက်စလွဲပြီး Rio လေးအား ထမင်းကျွေးနေလေတော့သည်...

"အကိုလေး... ဒီတခါ ချဲ့မယ့် လုပ်ငန်းစုက ကျွန်တော်တို့ ပြေးလမ်းပေါ်မှာ လမ်းလျှောက်နေရသလိုဖြစ်မှာနော်..."

"အင်း ... ငါသိတယ်... ဂျပန်က ကိစ္စမှာ Okura ကို ဘာသက်သေမှ မရှိလို့ ငါတို့ ရဲလက်မအပ်နိုင်ပေမယ့် သူမနဲ့ ထိုက်တန်တာတော့ ခံစားစေရမယ်.."

"သူလိုက်လာရင် အကိုလေး မမလေးနဲ့ ဘယ်လိုလုပ်မလဲ...အခုမှ ပြန်အဆင်ပြေကြတဲ့ဟာကို..."

ခေတ်သွေး ယွန်းလှကို တချက်လှမ်းကြည့်လိုက်သော်အခါတွင် သူမသည်လည်း သူ့ကိုကြည့်နေခဲ့သည်... သူနှင့် အကြည့်ချင်းဆုံသည့်အခါတွင် သူမသည် သားလေးဘက်သို့ ရှက်အမ်းအမ်းဖြင့် လှည့်သွားလေသည်...

"ငါသူမကို ထပ်ထွက်သွားခွင့်တော့ မပေးနိုင်ဘူး... ငါ့မှာရှိသမျှ အရာအားလုံးသုံးပြီး ကာကွယ်မယ်..."

"ဟုတ်ကဲ့ သိပါပြီအကိုလေး..."

ထို့နောက် ပျံလွှားနှင့် ခေတ်သွေး အလုပ်ကိစ္စများဆွေးနွေးပြီး ယွန်းလှတို့နား ပြန်လျှောက်လာခဲ့လေသည်... ခေတ်သွေးသည် အိမ်အကူများကို နေ့ခင်းဘက်တွင်သာ အိမ်ပေါ်တွင် ရှိစေပြီး ညဘက်တွင်တော့ သူတို့အတွက် သီးသန့်အိမ်ငယ်လေးတွင်သာ နေစေလေသည်... ထို့ကြောင့် အိမ်ထဲတွင် သူမနှင့် သူရယ် Rio လေးသာရှိလေသည်...

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now