အပိုင်း (၆၅)

1.3K 69 2
                                    

1 month later

ယွန်းလှ ဆေးရုံမှ ဆင်းလာခဲ့လေပြီ... သူမ၏ မှတ်ဉာဏ်ထဲတွင် ပုံရိပ်များက ဝိုးတဝါးဖြစ်နေဆဲ... ညဘက် တရေးနိုး လန့်ပြီး နိုးထလာရစမြဲ... သူမ မက်သည့် အိပ်မက်သည် တစ်ခုထဲပင်... မှောင်မှဲနေတဲ့ ညမှာ လေပေါ်ပျံတက်သွားသည့် ကားတစ်စင်း ထို့နောက် တောက်လှောင်နေသည့် မီးတောက်များ... ၎င်းတို့နှင့်အတူ သူမ၏ ညလယ်သည် နိုးထလာရမြဲဖြစ်သည်...

သူမတိုက်ခန်းဟုဆိုသော် တိုက်ခန်းတွင် သူမနေနေလေသည်... သူမတွင် အမေတစ်ယောက်တည်းရှိရာ ဆုံးသွားသည်ဟုလည်းသိရသည်... သူမ၏ အရင်အလုပ်ရှင်ဟုဆိုသော် မမြတ်ကေသီက အစအစရာရာ လိုလေးသေးမရှိ လိုက်လုပ်ပေးလေသည်... အော် သူမက ယခု အပင်ဆိုင်တစ်ဆိုင်ဖွင့်ထားသည်ဟုလည်းဆိုကာ သူမ ထိုအပင်ဆိုင်ကို နေ့တိုင်းသွားသည်... ဆိုင်လေးသည် သူမနှင့် ရင်းနှီးနေသည့်ဟန်... ဝန်ထမ်းများကလည်း သူမစိတ်တိုင်းကျ ခန့်ထားသည့်ဟန်.. အားလုံးက သူမ၏ မတော်တဆမှုအတွက် စိတ်မကောင်းဖြစ်နေကြသည်... သူမ အိပ်မပျော်၍ သွားပြသည့် စိတ်ရောဂါကု ဆရာဝန်ကတော့ ထိတ်လန့်စရာ အဖြစ်နဲ့ ကြုံကြိုက်ချိန်တွင် သူမ၏ ဦးနှောက်က ထိုဖြစ်ရပ်များကို လက်မခံနိုင်တော့ဘဲ မသိစိတ်က အလိုလို မေ့ပစ်လိုက်တာဖြစ်နိုင်သည်ဟု သုံးသပ်ပြလေသည်...

ပြီးတော့ သူမကို ငယ်ငယ်ကတည်းက သိလာသည့်ဆိုသည့် တစ်ယောက်လည်း သူမကို အစအစအရာရာကူညီသည်... သူမ စစဦးဆုံးဆိုင်ပြန်သွားချိန်တွင်လည်း ထိုသူပဲ ကူညီခဲ့တာပင်... သူက ယွန်းလှ အပေါ် အလွန်ကောင်းသော်လည်း သူမစိတ်တွင်တော့ သူနှင့် အရမ်းမရင်းနှီးဟု ခံစားရသည်... မမြတ်ကေသီတွင်လည်း သူမအား ဖုံးကွယ်ထားသည့် အကြောင်းအရာများရှိနေသည်ဟု သူမခံစားရသည်...အလုပ်ရှင်ဟောင်း တစ်ယောက်အနေဖြင့် သူမအပေါ် အရမ်းကောင်းလွန်နေသည်... ဘာပဲဖြစ်ဖြစ်တော့ ဒီလို ဘာမှမမှတ်မိသည့် ကမ္ဘာထဲတွင် သူမရှင်သန်အောင် နေထိုင်ရအုံးမည်...

"Morning..."

"Morning မမ စောနကပင် အပင်အသစ်တွေဝင်တယ်..."

"ဟုတ်လား ယွန်းကိုပြပါအုံး..."

"ဟုတ်..."

သူမ၏ တစ်နေ့တာသည် ဆိုင်ကိုရောက်ပြီဆိုသည်နှင့် အပင်များနှင့်ပင် အချိန်ကုန်သွားတတ်သည်... သူမစိတ်ထဲတွင် တစ်ခုခုက လစ်ဟာနေသည်ဟု ခံစားရသည့်အတွက်ကြောင့် သူမ စိတ်တွေအား အပင်တွေကြားထဲမှာပဲ နှစ်ထားလိုက်မိသည်...

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now