အပိုင်း (၁၄)

1.9K 85 2
                                    

"ယွန်း ၁၀တန်းက အကိုကြီးနင့်ကိုလိုက်နေတာ သုံးလတောင်ကျော်ပြီနော် နင်အဖြေပြန်မပေးသေးဘူးလား"

"ငါသူ့ကိုမကြိုက်ပါဘူးဟာ"

"နင်ကသာမကြိုက်တာ သူက နင်နဲ့သူနဲ့ ကြိုက်နေသလိုတွေ လျှောက်ပြောနေတာနော် နင်သတိထားအုံး"

"အင်းပါ ငါ အဲ့လိုလျှောက်ပြောတတ်လို့လည်း သူ့ကိုမကြိုက်တာ"

မုန့်စားချိန်ဆင်းတန်း ယွန်းလှမှာ မုန့်ဈေးတန်းတောင် စည်သူ့ကြောင့် သိပ်မသွားဖြစ်တော့ပါ။ မုန့်ဈေးတန်းထဲမှာ ယွန်းလှနောက်ကို တကောက်ကောက်လိုက်ကာ နေသောကြောင့် မသိသောသူများကပါ ယွန်းလှနှင့်သူ့ကို ကြိုက်နေသည် ထင်ကြသည်။ ရပ်ကွက်ထဲကလူတွေအကုန်နီးပါးလည်း အခုဆို ဘယ်အိမ်ကသားက ဘယ်အိမ်က သမီးကိုကြိုက်နေကြောင်းပြောကြရာတွင် ယွန်းလှက ထိပ်ဆုံးကပါလေသည်။ 

လဝက် စာမေးပွဲနီးလာလေ ယွန်းလှ အဲ့ကိစ္စကို အာရုံမစိုက်နိုင်လေဖြစ်လေသည်။ အမေက ကျန်တာ ဉပေက္ခာပြုထားပေမယ့် အဆင့်ကျသွားရင်တော့ ယွန်းလှကို မြေလှန်ရှာတတ်လေသည်။

ပေါ်တော်မူကိုယ်တော်ကလည်း မကြွလာတာ တော်တော်ကြာလေပြီ။ ယွန်းလှ မုန့်ဈေးတန်းမသွားဖြစ်သည့်အလျောက် သူနဲ့လည်းမတွေ့ဖြစ်တော့ပေ။ ကျောင်းဆင်းချိန်ဆို စည်သူနဲ့ ညီညီသည်သာ သူမကို စောင့်နေလေသည်။

သူမရဲ့လဝက်စာမေးပွဲပြီးတော့ စည်သူက သူမကို တစခန်းစကာ ထပ်လိုက်လေသည်။ ယွန်းလှလည်း ရှောင်လို့တိမ်းရင်း ၈ တန်းစာမေးပွဲကြီးကို ဖြေမည့်အချိန်ကို ရောက်မှန်းမသိရောက်သွားခဲ့သည်။

စာမေးပွဲကြီး ပြီးလျှင် နှုတ်ဆက်သည့်အနေဖြင့် ရေလောင်းပြီးမှ အိမ်ပြန်တက်ကြသည့် ဓလေ့သည် ဒီမှာပါရှိလေသည်။ ဆယ်တန်းကျောင်းသားတွေကတော့ စာမေးပွဲကြီးနီးနေပြီဖြစ်တာကြောင့် တော်တော်များများက စာကျက်နေတာများနေသည်။ သူမရဲ့ တစ်ဦးတည်းသော သူကလွဲရင်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ စာမေးပွဲဖြေပြီး ကျောင်းထဲမှထွက်လာသည့် ၉ တန်းက ကျောင်းသူတွေကို သူကြောင်နေတယ်ဆိုသာ သူမမြင်လေသည်။ 

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now