အပိုင်း (၅၇) warning

4.6K 88 2
                                    

ယွန်းလှသည် ထိုင်နေရာမှ ရုတ်တရပ် ထရပ်လိုက်ကာ Jack ကို လှမ်းခေါ်လိုက်လေသည်...

"Jack... Jack...."

"ဟုတ်ကဲ့မမလေး..."

"ပျံလွှားတို့ဘယ်မှာလဲ..."

"ခုနကထိတော့ အဆက်အသွယ်ရသေးတယ်မမလေး... အခုကျွန်တော်ထပ်ဆက်သွယ်ပေးရမလား..."

"အင်း..."

တီ... တီ... တီ

ဖုန်းလိုင်းက ကိုင်မည့်သူမရှိ...

"ဖုန်းမကိုင်ကျဘူး မမလေး... အကိုလေးတို့ တခုခုဖြစ်တယ်ထင်လို့လား..."

"နောက်ဆုံး သူတို့ဘယ်မှာရှိနေခဲ့တာလဲ Jack..."

"H Hotel မှာပါ မမလေး..."

"ယွန်းကို အဲ့ကို ပို့ပေးပါ..."

"ဒါပေမယ့်...."

"အခုပို့ပေးပါ..."

Jack သည် သူမစကားကို ထပ်မကန့်ကွက်တော့ H Hotel ကို လိုက်ပို့ဖို့သာ ပြင်လိုက်လေသည်...

Hotel တွင်တော့ ပျံလွှားတို့သည် ခေတ်သွေး ဆင်းမလာ၍ အပေါ်တက်မည်အပြုတွင် လူတစ်စု၏ တားမြစ်ခြင်းကို ခံနေရလေသည်...

"မမလေး Okura က တက်မလာခိုင်းထားဖို့ မှာထားပါတယ်..."

"ငါတို့အကိုလေး ကို ပြန်ခေါ်သွားမှရမယ်.."

"ကျွန်တော်တို့ အမိန့်မရမချင်း တက်ခွင့်ပြုလို့မရပါဘူး..."

အင်အားချင်းက မမျှ ပျံလွှားတို့ဘက်မှာ လူက ၃ ယောက်လောက်ပဲပါလာပြီး တစ်ဝက်လောက်က အိမ်မှာ Jack တို့နှင့် ကျန်ခဲ့သည်... တဖက်တွင်တော့ လူက ၈ ယောက်လောက်ရှိသည်... Okura ၏ လူများဖြစ်သည့်အတွက်လည်း သူတို့အကိုလေးနှင့် ဆက်စပ်နေသည်ဖြစ်ရာ အတင်းလုပ်လို့လည်းမရ၍  ထိုနေရာတွင်ပင် အတော်ကြာနေလေပြီ... ထိုစဉ် Hotel ကားပါကင်သို့ ကားနှစ်စီးဝင်လာပြီး Jack တို့ ဆင်းလာလေသည်...

ပျံလွှားသည် Jack ကိုတွေ့သည့်အခါ အားတက်သွားသော်လည်း နောက်ခန်းမှ ဆင်းလာသည့် ယွန်းလှနွယ်ကို မြင်သည့်အခါ အနည်းငယ်တော့ ကြောင်သွားလေသည်...

"မမလေး... ဘာဖြစ်လို့ လိုက်လာတာလဲ..."

"ရှင်တို့ အကိုလေးကော..."

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now