Part-1(U+Z)

2K 69 3
                                    

"ကိုဟန်ထွန်းဦး ဖုန်းလာနေပါတယ်"

မိုဘိုင်းဖုန်းရှိသည့်အိမ်မှ ကျွန်တော့်နာမည်နှင့်အတူ ဖုန်းလာနေကြောင်း လော်စပီကာဖြင့်အော်ခေါ်သံက နားထဲသို့ ခပ်သဲ့သဲ့ဝင်လာလေသည်။ကျေးလက်ဖြစ်သည့်အတွက် မိုဘိုင်းဖုန်းဟူ၍ ဤအိမ်တစ်အိမ်နှင့် ဘုန်းတော်ကြီးကေျာင်းတွင်သာရှိသည်။

ဆက်သွယ်ရေးကိစ္စဖြင့် ဖုန်းဆက်ပြောကြားလိုလျှင် ထိုအိမ်သို့ သွားရသည်။တစ်ဖက်မှ ခေါ်လျှင် ပေးရသည့် ဈေးမှာသက်သာသည်။တစ်မိနစ်မှ တစ်ရာကျပ်သာကျသင့်သည်။မိမိဘက်ကခေါ်လျှင်တော့ ဈေးပို‌ေပးသည်။တစ်မိနစ်လျှင် တစ်ရာ့ငါးဆယ်ကျပ်ပေးရသည်။

ဟန်ထွန်းဦး ဖုန်းဝယ်ကိုင်ဖို့ အကြိမ်ကြိမ်စဉ်းစားမိသော်လည်း အိမ်အသုံးစရိတ်နှင့်ပြန်၍ ယှဉ်မိခဲ့သောကြောင့် ယခုထိ မဝယ်ဖြစ်ခဲ့ပေ။

ယခုလည်း မည်သူမည်ဝါက ဖုန်းဆက်သည်မသိ။"ကိုဟန်ထွန်းဦး ဖုန်းလာနေပါသည်"တဲ့။အော်၍ ခေါ်နေလေပြီ။ဟန်ထွန်းဦး ညှပ်လက်စ ကွမ်းရွက်လေးများကို ခဏထားခဲ့ကာ မိုဘိုင်းဖုန်းတည်ရှိသည့် အိမ်ဆီသို့ ကပျာကယာ သွားရလေသည်။

"အစ်မရေ"

ထိုအိမ်သို့ရောက်သည်နှင့် သူရောက်နေပြီဖြစ်ကြောင်း ထိုအမျိုးသမီးအား
ပြောလိုက်လေသည်။ထိုအမျိုးသမီးသည် ဖော်ရွေခြင်းပင်အလျဉ်းမရှိ။လုပ်လက်စ အလုပ်ကိုသာ ဆက်လုပ်နေသည်။ အလုပ်လုပ်နေရင်းမှ

"ဪ အေးအေး ထိုင်ဦး...။
ခဏနေ ပြန်ခေါ်လိမ့်မယ်နော်"

"ဟုတ်ကဲ့"

ဟန်ထွန်းဦး အနားရှိ ခုံငယ်တစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။

ဟိုဘက်ကခေါ်မည့် အဝင်ကောဆို‌ေတာ့ လည်း ဈေးသက်သာဦးမည်ပေါ့။ပိုက်ဆံသိပ်ကုန်မှာ မဟုတ်တော့ဘူး။ဘာပဲဖြစ်ဖြစ် စကားကို နည်းနိုင်သလောက်၊နည်းအောင် ပြောရမည်။ဒါမှ ပိုက်ဆံကုန်သက်သာမည်ဖြစ်သည်။စကားများတတ်သည့် ဟန်ထွန်းဦးအတွက်တော့ ဒါက ဟာသသက်သက်သာ။

"ကလင် ကလင် ကလင် ကလင်"

ဖုန်းမျက်နှာပြင်လေး လင်းလာသည်။ပြီးနောက် ဖုန်းမြည်သံအကျယ်ကြီး ပေါ်ထွက်လာသည်။အိမ်ရှင်အစ်မကြီးသည် အလုပ်လုပ်နေရာမှထကာ ကပျာကယာဖြင့်ဖုန်းအနားသို့ ပြေးလာပြီး ဖုန်းကိုင်လေသည်။

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now