ဟိုတယ်ဝန်ထမ်းလေး လိုက်ပို့ပေးသည့် အခန်းထဲသို့ရောက်သည်နှင့် အထုပ်အပိုးများအား အခန်းထောင့်ရှိ ခုံလေးပေါ်တွင် တင်လိုက်လေသည်။ ပြီးနောက် ခရီးပမ်းဒဏ်ေကြာင့် ခေတ္တမျှနားရန်
ကုတင်ပေါ်သို့ ခြေပစ်လက်ပစ် လဲချလိုက်မိသည်။ညီ့ကိုကြည့်မိတော့ အနေရကြပ်နေသလိုပင်။လက်ထဲမှ အထုပ်ကလေးများချကာ အခန်းထဲရှိ ထိုင်ခုံကလေးပေါ်တွင်သာ မလှုပ်မယှက် ထိုင်နေသည်။
ညီတစ်ယောက်ဟာလေ...ဘာတွေစိတ်အတွေး ဝင်နေသည်မသိ။ အိပ်ရာကုတင်ဆီသို့ ခြေတစ်လှမ်းမျှပင် ရောက်မလာပေ။
"ညီ လာလေ"
"ဟာ ဘာလို့လာရမှာလဲဗျ"
မဆိုင်းမတွပင် ညီထံမှ ငြင်းဆန်သည့် စကားကို ကြားရလေသည်။ မြတ်မင်းထင် သဘောတကျပြုံးပြီးနောက် ညီ့စိတ်အတွေးကို သိနေသူအလား စကားလုံးတချို့ကို ဆိုမိလေသည်။
"ကိုကိုပြောတာက ခရီးပမ်းလာလို့ ခဏတဖြုတ် မှေးရ၊ နားရအောင် ဒီကိုလာလို့ ပြောတာပါကွာ"
ဟန်ထွန်းသည် သူ့အေပြာအား မယုံသင်္ကာအကြည့်တို့ဖြင့် စိုက်ကြည့်ရင်း သူ့အနားသို့ရောက်လာလေသည်။မြတ်မင်းထင် အလိုက်သိစွာပင် ကုတင်အစွန်းဘက်သို့ အနည်းငယ်မျှတိုးပေးလိုက်မိလေသည်။
ညီ့ ခန္ဓာကိုယ်လေး ကုတင်ပေါ်ရောက်သည်နှင့် မွေ့ရာ၏ လှုပ်ခါမှုအထိအတွေ့ကို ခံစားမိလေသည်။
ညီတစ်ယောက် သူ့ဘေးနားမှာ ရှိနေသည်ဆိုသည့် အတွေးကြောင့် မြတ်မင်းထင်ရင်ထဲတွင် ကုလားဘုရားပွဲလှည့်သကဲ့သို့ ရင်ခုန်သံများ ဗြောင်းဆန်နေလေသည်။
မကြာပါ ခရီးပမ်းဒဏ်ကြောင့် သူတို့နှစ်ယောက်လုံး အိပ်ပျော်သွားကြလေသည်။
သူတို့နှစ်ယောက် အိပ်ယာကနိုးတော့ ညနေ ၆ နာရီနီးပါးရှိနေလေပြီ။ညစာကိုတော့ ဟိုတယ်အနီးရှိ ဆိုင်ကလေးတစ်ခုတွင်သာ ဝင်စားလိုက်ကြလေသည်။
"ကုတင်ကိုတစ်ယောက်တစ်ဝက်ပိုင်တာမို့ ညအိပ်တဲ့အခါ အလယ်မှာ စည်းခြားထားရမယ်"
အခန်းထဲသို့ ဝင်ဝင်ချင်း ညီ့ဆီမှ ကြားရသည့် ပထမဦးဆုံး စကားသံဖြစ်သည်။ မြတ်မင်းထင်သဘောကျလှစွာဖြင့် လှစ်ခနဲပြုံးလိုက်မိရင်း ညီ့မျက်နှာချောချောလေးနှင့် မျက်နှာချင်းဆိုင်လိုက်လေသည်။
YOU ARE READING
ဟိုဘက်အိမ်ကကောင်လေး
Romanceသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။