Part-11(U+Z)

506 47 0
                                    

မွေးနေ့ပွဲ ကျင်းပချိန်မို့ ဟန်ထွန်းဦးတစ်ယောက် ထိုလူ့အား ဘာမှပြောခွင့်မရလိုက်ပေ။သိပ်တော့ ကြည်လှသည်မဟုတ်။ ဟိုလူ လုပ်ပုံက အလွန်အတင့်ရဲလှသည်။ သားပေါက်အား ရင်ခွင်ထဲထိ သွင်းကာ မုန့်ခွံ့ကျွေးနေလိုက်သေးသည်။‌နောက်ပြီး သားပေါက်အား သူ့ကို Cakeခွံ့ကျွေးရန် ဘယ်လောက်ထိ စည်းရုံးသိမ်းသွင်းပြီးခြိမ်းခြောက် ထားသည်မသိပေ။ဒီလိုလူမျိုးနှင့် အိမ်နီးချင်းဖြစ်ရတာ အလွန်ဆိုးဝါးလှသည့် အကုသိုလ်တစ်မျိုးပင်။ မွေးနေ့ကိုလည်း သူ တမင်မဖိတ်ခဲ့ခြင်းဖြစ်သည်။သို့သော်
အိမ်နီးချင်းဖြစ်သောကြောင့် ထိုလူ၏ အမေအား ဖိတ်ကြားခဲ့ရသည်။သူဖိတ်ခဲ့တာ ထိုလူ၏ အမေဖြစ်သော်လည်း ထိုလူပါ ပါလာခဲ့လေသည်။

"ငါလည်း ပြန်တော့မယ် ဟန်ဦးရယ်"

"ဝင့် တကယ်ရော ပြန်လို့ဖြစ်ရဲ့လား နည်းနည်းမှောင်နေပြီဆိုတော့လေ"

"ငါ့အတွက် ဘာမှစိတ်ပူမနေနဲ့ ငါက ကျားကျားယားယားမိန်းမသားကြီးပါ"

စနောက်ဟန်ဖြင့် လက်မောင်းကြွက်သားများအား ပုတ်ပြကာ ပြောလေသည်။ဒီသူငယ်ချင်းမလေးနှင့်လည်း တကယ်မလွယ်ပေ။

"ဝင့် ငါတကယ်ပြောနေတာနော်"

"အေးပါဟယ် စိတ်ချပါ ဒီလမ်းဒီခရီးက ငါသွားလာနေကျ စိတ်ပူစရာမရှိပါဘူး ငါ သွားတော့မယ်"

"ကဲ သားပေါက် တီတီသွားတော့မယ်နော်"

"ဟုတ်"

မေဝင့်ထည်အား သူ ခြံတံခါးရှေ့လေးအထိ လိုက်ပို့လိုက်လေသည်။ပြီးနောက် သူ အိမ်ထဲပြန်ဝင်လာခဲ့လေသည်။

ဧည့်သည်များလည်း စဲသွားပြီမို့ ကျွေးမွေးထားဧည့်ခံထားသော ပစ္စည်းများအား ဒေါ်ညိုနှင့်အတူ ဆေးကြောသိမ်းဆည်းရသည်။ထို့နောက် သားပေါက်အတွက် ယူလာကြသော လက်ဆောင်ဘူးလေးများအား အခန်းထဲသို့ သိမ်းကြသည်။

"ငယ် သားပါ ကူသယ်ပေးမယ်"

"ကဲပါ သားရယ် ငယ်နဲ့ဒေါ်ညိုသယ်ပါ့မယ် သားပေါက် ထိုင်နေနော်"

"ဟုတ်"

"ဖျတ်"

"ဟာ မီးပြတ်သွားပြီ"

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now