Part-5(U+Z)

644 54 0
                                    

ယနေ့သည် မြတ်မင်းထင်နှင့် ရွှေဖူးလွှာတို့၏ လူပရိတ်သတ်ရှေ့ဝယ် လက်ထပ်မင်္ဂလာပြုပွဲဖြစ်သည်။ ရွှေဖူးလွှာသည် ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်သောကြောင့် ခရစ်ယာန်ဓလေ့အရ ဘုရားကျောင်းတွင် မင်္ဂလာပွဲကျင်းပခြင်းဖြစ်သည်။ပုံမှန် တနင်္ဂနွေသည် ဘုရားကျောင်းများတွင် နံနက်၇နာရီ ကတည်းကပင် ဘုရားရှိခိုးသူများ ကြက်ပျံမကျ စည်ကားလှပေသည်။ ဓမ္မတေးသံလွင်လွင်ကိုလည်း အဆက်မပြတ်ကြားနေရမြဲဖြစ်သည်။

ဘုရားကျောင်း ဝင်ပေါက်၏ ဘေးတစ်ဖက်တစ်ချက်တွင် ခုံတန်းရှည်များကို အစီအရီချထားလေသည်။မြတ်မင်းထင်သည် ထိုခုံတန်းရှည်များကို ကျော်ကာ အရှေ့ဆုံးနေရာအထိ လျှောက်လှမ်းလာခဲ့သည်။ လမ်းလျှောက်နေရသည်ကိုပင် လူနှင့်စိတ်မကပ်တော့။ယနေ့လွန်လျှင် သူသည် အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ဖြစ်တော့မှာမလား။

သင်းအုပ်ဆရာ မတ်တပ်ရပ်နေသည့်နေရာတွင် ပန်းအလှအပများကို သေသပ်စွာ ဆင်ယင်ထားသည်။ သင်းအုပ်ဆရာညွှန်ပြသည့်နေရာတွင် မြတ်မင်းထင် နေရာယူလိုက်သည်။ ခုံတန်းရှည်များ၏ အရှေ့ဆုံးနေရာတွင် နေရာယူထားသော မေမေ့၏ အပြုံးများက ယခင်ရက်များထက်ပင် ပို၍ လန်းဆန်းနေတော့သည်။

ဆောင်းဦးနေ့ရက်လေးထဲမှာ×××××××
လောကကြီးတစ်ခုလုံး××××
ရောင်စုံခြယ်ကာ အရာရာလှပနေ××××
လာပါ မေရယ် စလှမ်းမယ်ချစ်သူတို့ခရီး×××
နောင်သံသာရာတွေလည်းဆုံးခန်းတိုင်တဲ့ထိ××××

ဝိုင်ဝိုင်းနှင့်Nကိုင်ရာတို့သီဆိုထားသည့် သီချင်းသံက Sound Boxဆီမှတစ်ဆင့် နားထဲသို့ ခပ်တိုးတိုးဝင်လာလေသည်။

ခဏကြာသည်နှင့် အဖြူရောင်ဂါဝန်လေးကိုဝတ်ဆင်ကာ လက်တွင်လှပသည့် နှင်းဆီအနီရောင်ပန်းစည်းလေးကိုင်ထားသည့် သတိုးသမီးလောင်း ရွှေဖူးလွှာသည် ဝင်ပေါက်ဆီမှတစ်ဆင့် အဖြူရောင်Suitနှင့် Style pantsကိုဝတ်ဆင်ထားပြီး တည်ကြည်ခန့်ညားလှသည့် သတို့သား မြတ်မင်းထင်ဆီသို့ ဖြည်းဖြည်းချင်းလျှောက်လာလေသည်။

ရွှေဖူးလွှာ အနားရောက်လာသည်နှင့် မြတ်မင်းထင်နှင့်ရွှေဖူးလွှာတို့သည် သင်းအုပ်ဆရာဘက်သို့ မျက်နှာမူလိုက်ကြလေသည်။သူတို့နှစ်ယောက်၏ ရှေ့ရှိ ခုံလေးပေါ်တွင် တည်ရှိနေသော လက်ထပ်လက်စွပ်နှစ်ကွင်းသည် မကြာခင် မင်္ဂလာမောင်နှံဖြစ်မည့်သူတို့နှစ်ယောက်အတွက် ချစ်ခြင်းသ‌ေင်္ကတကို အဓိပ္ပာယ်အပြည့်ဖြင့် ဖော်ဆောင်နေပြန်သည်။

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now