Part-12(U+Z)

494 41 0
                                    

မိုးစင်စင်လင်းသည်နှင့် အိပ်ယာထ၊ မျက်နှာသစ် ရေမိုးချိုးအဝတ်အစားလဲကာ သူ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

ညက သူ တော်တော်နှင့် အိပ်မပျော်ခဲ့ပေ။ ဟိုဘက်အိမ်ကတူဝရီးနှစ်ယောက်အကြောင်း အကြာကြီးစဉ်းစားနေမိခဲ့သည်။မိုးစင်စင်လင်းမှ အိပ်ယာနိုးခဲ့ခြင်းဖြစ်သည်။ ဒီအချိန်ဆို မေမေဟာ မီးဖိုချောင်ထဲတွင် သားအမိနှစ်ယောက်စားဖို့ အိမ်ပေါ်ကလေးမလေးနှင့်အတူ မနက်စာ ပြင်ဆင်‌နေလောက်ပြီ။

သူ မီးဖိုခန်းဘက်သို့ ထွက်လာခဲ့လိုက်သည်။သို့‌သော် မီးဖိုခန်းထဲမှာမေမေ့ကို မတွေ့ပေ။မီးဖိုခန်းထဲတွင် အိမ်မှခိုင်းဖို့ ခေါ်ထားသော ပုံ့ပုံ့တစ်ဦးသာရှိလေသည်။ မေမေ ဘယ်များသွားပါလိမ့်။

"ပုံ့ပုံ့ မေမေရော"

မေမေအားမမြင်သည့်မို့ အိမ်မှာခေါ်ထားသည့် အိမ်အကူကောင်မလေး ပုံ့ပုံ့အား သူ မေးလိုက်လေသည်။

"အိမ်ရှေ့မှာ ကိုလေး ဟိုဘက်ခြံက ဒေါ်ကြီးအရေးတကြီးရောက်လာလို့"

ဟိုဘက်ခြံက ဆိုသည့်စကားကြောင့် မျက်လုံးများပင် ပြူးကျယ်သွားရပြန်သည်။ဟိုဘက်အိမ်ကအကြောင်းတွေးမိလျှင် မိမိအား အမြဲရန်လိုနေတတ်သော ကောင်လေးအား သတိရတတ်မြဲဖြစ်သည်။ ဒီကောင်လေးဟာ ဘယ်လိုကောင်လေးမှန်းမသိတော့။ သူအား အမြဲလိုရန်လိုကာ မုန်းတီးနေတတ်သည်။သူ့ဘက်ကတော့ ထိုကောင်လေးအပေါ် အမုန်းဟူ၍ မြူတစ်မှုံစာပင်မရှိ။ဟိုဘက်အိမ်က မနက်ကြီး အိမ်ကို ဘာလာလုပ်သည်မသိ။သူ၏ စူးစမ်းချင်စိတ်များကြောင့် အိမ်ရှေ့ဧည့်ခန်းဆီသို့ ခြေလှမ်းများက ဦးတည်နေလေပြီ။

"မေမေ"

ဟိုဘက်အိမ်မှအမျိုးသမီးကြီးနှင့် စကားပြောနေသော မေမေ့အား မြတ်မင်းထင် ခေါ်လိုက်လေသည်။ မေမေနှင့်ထိုအမျိုးသမီးကြီးတို့၏ အကြည့်တို့သည် သူ့ဆီသို့ ရောက်လာလေသည်။အကြည့်များ၏ အဓိပ္ပာယ်ကိုတော့ သူအဓိပ္ပာယ်တိကျစွာ မဖွင့်ဆိုတတ်သော်လည်း သူနှင့်ပတ်သတ်သည့် အကြောင်းအရာကိစ္စတစ်ခုခု‌ရှိနေလိမ့်မည်ဟု ရိပ်စားမိပါသည်။

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now