Part-9(U+Z)

546 45 0
                                    

မနက်ခင်းနေရောင်ခြည်နုနုက ပြတင်းဝမှတစ်ဆင့် ဟန်ထွန်းဦးတို့တူဝရီးနှစ်ယောက် အိပ်စက်နေသော ကုတင်လေးပေါ်သို့ ဝင်လာလေသည်။မနက်ခင်းလင်းအားကြီးနေပြီဖြစ်ကြောင်း အချက်ပြနေလေပြီ။

"ဟေ့ကောင် သားပေါက်"

"ဂျာ ငယ်"

ပါးစပ်ကသာထူးနေသည်။လူက ခုထိ မျက်စိနှစ်လုံးက မဖွင့်သေး။

"ဟေ့ကောင် အိပ်ယာထ မျက်နှာသစ်မယ်"

ဟန်ထွန်းဦး အိပ်ရာထက်တွင် မျက်လုံးကလေးများစုံမှိတ်ကာ အိပ်စက်နေသော သားပေါက်အား အိပ်ရာမှ ထရန် ကိုယ်လုံးလေးအား လှုပ်ရမ်းကာနှိုးးလိုက်လေသည်။
ဒီနေ့ ကျောင်းပိတ်၍ မနှိုးဘူးဟု တေးထားသော်လည်း မနိုးလို့မဖြစ်သေးပေ။နောက်နေ့များတွင် အကျင့်ပါသွားမည်ဆိုးရသည်။ ထို့ကြောင့်သားပေါက်လေးအား အိပ်ရာမှ နှိုးကာ မျက်နှာသစ်ပေးလိုက်သည်။ပြီးနောက် သူမျက်နှာသစ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။

"ငယ်"

"ဟေ"

"ဒီနေ့ ငယ်လည်းအလုပ်နားတယ် သားလည်းကျောင်းပိတ်တယ်လေ"

"အဲ့တော့"

"သားကို အပြင်လိုက်ပို့ပေးပါလားဟင်"

ဧည့်ခန်းထဲရှိ ဆိုဖာခုံပေါ်တွင် စာဖတ်နေသည့် ဟန်ထွန်းဦး အနားသို့ရောက်လာကာ ကပ်ချွဲရင်း သူ လိုချင်သည့်အရာအား ပူဆာလေသည်။
ငချွဲကောင်လေး။အလုပ်နားသည်ကို ဘယ်လိုသိသည် မသိ။အင်းလေ မန္တလေးရောက်ကတည်းက ယခုချိန်ထိ ဘယ်မှ လိုက်မပို့ရသေး မဟုတ်လား။

လိုက်ပို့ပေးမည်ဟု စိတ်ကတွေးထားခဲ့မိသော်လည်း တကယ်တမ်းကျ လိုက်ပို့မဖြစ်ခဲ့ပေ။မန္တလေးမှ လမ်းကြောအသွယ်သွယ်အား မသိသေးသည်ကတစ်ကြောင်း၊ အလုပ်မအားသည်က တစ်ကြောင်းမို့ဖြစ်သည်။

"သားက ဘယ်ကိုသွားချင်လို့"

"သိဘူးလေငယ်ရဲ့ ငယ်လိုက်ပို့ပေးမှပေါ့"

တူတော်မောင်အား ဟန်ထွန်းဦး ပြုံးပြရင်း ခေါင်းညိတ်ပြလိုက်သည်။ပြီးနောက် သူငယ်ချင်းမ မေဝင့်ထည်ဆီ ဖုန်းဆက်ရသည်။

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now