Part-35(U+Z)

202 15 4
                                    

ဒီရက်ပိုင်းတွေမှာ ကိုကိုနဲ့ကျွန်တော် မတွေ့ဖြစ်တာ ကြာပြီဖြစ်သည်။ ခြံစည်းရိုးလေးတစ်ခုသာ ခြားပြီး အိမ်ချင်းကပ်နေကြသည့် လူနှစ်ယောက်က မတွေ့ဖြစ်ကြပါဘူးလို့ ပြောရင် ရယ်စရာကောင်းပေမယ့် တကယ်ကို မတွေ့ဖြစ်ခဲ့တာပင်။ ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက ကိုကို အလုပ်ကိစ္စဖြင့် နယ်ဘက်ခရီးထွက်သွားခဲ့သည်။ ကိုမင်းထိန်သွားရမည့် နယ်ခရီးစဉ်ဖြစ်ပေမယ့် ကိုမင်းထိန်နဲ့ လူချင်းလဲကာ  ကိုမင်းထိန်ကိုယ်စား ကိုကိုက သွား
ပေးခဲ့တာတဲ့လေ။ ဒီကိစ္စကိုပင် ဝင့်ထည် ပြောပြမှ သူ သိခဲ့ရတာဖြစ်သည်။ ကိုကိုဘာလို့ သူ့ကို မပြောဘဲထွက်သွားတာလဲဟူသည်ကိုတော့ သူ မတွေးတတ်ပါ။

ကိုကိုခရီးထွက်နေသည့် ကာလတစ်လျှောက်မှာ ကိုကို့ကို ဖုန်းဖြင့်
ဆက်သွယ်ခဲ့သည်။ သို့သော် အဆက်အသွယ်မရ။အမြဲတမ်း "စက်ပိတ်ထားပါသည်"ဟု ဖြေကြားသည့် အော်ပရော်တာမှ မမနှင့်သာ တိုးခဲ့ရသည်။ စိတ်ပူလွန်းလှ၍ မက်ဆေ့များပို့ပြီး ဆက်သွယ်ဖို့ ပြောခဲ့ပေမယ့် "ကိုကို အလုပ်မအားလို့ ပြန်လာမှ တွေ့မယ်"ဟူသည့် စာတိုတစ်ကြောင်းနှင့်သာ ကျေနပ်ခဲ့ရသည်။ သူ့ကို ဆက်သွယ်ဖို့ ဘာကြောင့် ကိုကို ဝန်လေးနေခဲ့ပါလိမ့်။

တစ်ပတ်ကြာတော့ ကိုကို နယ်မှ ပြန်ရောက်လာသည်။နယ်ခရီးစဉ်မှ
ပြန်လာ‌ပေမယ့်လည်း ကိုကို့ကို အိမ်မှာ မတွေ့ရပြန်။"ဘာဖြစ်တယ်မသိဘူး။မောင်မင်းထိန်တို့ အဆောင်မှာပဲ ခဏသွားနေဦးမယ်လို့ ပြောတာပဲ သားရယ်"ဟူသည့်
ကိုကို့အမေ့ဆီက တစ်ဆင့်ထပ်ကြားခဲ့ရ၏။ သေချာသည်က ကိုကို ကျွန်တော်တို့အိမ်ဘေးက အိမ်မှာ မရှိနေခဲ့သည်မှာ တစ်ပတ်ကျော်ခဲ့ချေပြီ။ကိုကို ကျွန်တော့်ကို ရှောင်ဖို့အတွက် တမင်ရှောင်ပြေးခြင်းလား။ ဒါမှမဟုတ် အကြောင်းတစ်စုံတစ်ရာကြောင့် ရှောင်နေခြင်းပေလား။ကိုကိုနှင့် ကျွန်တော်ကြားမှာ ရန်ဖြစ်ထား၊ ကတောက်ကဆ ဖြစ်ထားတာ မရှိပါဘဲ ကိုကို ဘာကြောင့်ရှောင်နေသလဲ စဉ်းစား၍ မရတော့ပါ။

ဒီနေ့ ဟိုဘက်အိမ်ရှေ့မှာ ကိုကို့ဆိုင်ကယ်လေး ရှိနေပါသည်။မနက်စင်စင်လင်းကတည်းက ခြံဝင်းထဲတွင် ရှိနေသည့် ကိုကို့ဆိုင်ကယ်အား မြင်ရပုံထောက်တော့ ကိုကို အိမ်ပြန်ရောက်နေပြီထင့်။ ပုန်းရှောင်နေသော သူ့ကို အမိဖမ်းနိုင်ဖို့အတွက် ရုံးသွားရန် ပြင်ဆင်ပြီးသည်နှင့် ဟိုဘက်အိမ်ဆီ ကူးလာခဲ့သည်။ ကိုကိုတို့အိမ်ဟာ ကျွန်တော့်အတွက် တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်ခွင့်ရထားတာကြောင့် ခပ်ဟဟပွင့်နေသည့် တံခါးကို တွန်းဖွင့်ကာ ခြံထဲသို့ ရောက်ရှိလာခဲ့ရသည်။အိမ်ရှေ့ဆင်ဝင်အောက်မှာ ပန်းပင်ရေဖျန်းနေသည့် ပုံ့ပုံ့ကို တွေ့ရသည်။ ပုံ့ပုံ့အား ကိုကိုရှိ မရှိ မေးလိုက်ရသည်။

ဟိုဘက်အိမ်ကကောင်လေးDonde viven las historias. Descúbrelo ahora