Part-39(U+Z)

318 11 0
                                    

ဒီရက်တွေမှာ နယ်ခရီးစဉ်မရှိ၍ ရုံးမှာပင် ကျန်နေသည့် စာရင်းလက်ကျန်များကို အပြီးသတ်နေရသည်။ သူ့နည်းတူ ကိုကိုလည်း အလုပ်ရှုပ်နေသည်။ ခေါင်းတကုတ်ကုတ်ဖြင့် အလုပ်ထဲ စိတ်နှစ်ထားဟန်။ သူ့ထက် ရာထူးကြီးတဲ့ ကိုကိုက ပိုပြီး အလုပ်ပင်ပန်းနေမှာ အသေအချာပင်။

မပြီးပြတ်သေးသည့် စာရင်းများကို လက်စဖြတ်ပြီးသွားချိန်တွင် ၂နာရီကျော်နေလေပြီ။ ထိုင်ရာမှထကာ အကြောဆန့်ရင်း လမ်းလျှောက်ရသည်။ ကိုကိုကတော့ ယခုထက်ထိ အလုပ်ဖိုင်များကြည့်နေရာမှ ခေါင်းမဖော်သေးချေ။ အလုပ်ရှုပ်နေသည့်ကိုကို့အတွက် သူ ဘာလုပ်ပေးရင်ကောင်းမလဲ စဉ်းစားကြည့်သည်။ အဖြေက ထွက်မလာပေ။

ဒီအချိန်မှာ ကော်ဖီလေးတစ်ခွက် ဖျော်ပေးရင်ရော ကိုကိုသောက်ချိန်ရှိပါ့မလား။ သူက အနှောင့်အယှက်ပေးသလိုဖြစ်သွားမလား။ သို့လော သို့လော အတွေးတွေက ခေါင်းထဲမှာ အစီအရီ။ နောက်ဆုံး ကိုကို့အနားသွားပြီး လိုအပ်တာမေးကာ လုပ်ပေးဖို့ စိတ်ပိုင်းဖြတ်လိုက်ရသည်။

"ကိုကို"

"ဗျာ"

အလုပ်ရှုပ်နေပေမယ့် ကိုကိုလေသံက မထန်။ လေပြေညင်းတစ်ခုလို အေးချမ်းလှပါသည်။ ကိုကိုတွေက သိပ်ကောင်းတာပဲ။

"ကိုကိုအလုပ်ပင်ပန်းနေပြီလား ကျွန်တော် ဘာကူပေးရမလဲ။ ကော်ဖီဖျော်ပေးရမလား"

ကိုကို့ထိုင်ခုံလေးပေါ် လက်ကလေးတင်ရင်း မေးလိုက်မိသည်။ ကိုကိုက ကွန်ပျူတာမျက်နှာပြင်မှ အကြည့်ခွာကာ သူ့ကို ပြုံးမြစွာ ကြည့်လေသည်။

"အမှန်တိုင်းပြောရရင် ညီရောက်မလာခင်အထိ လချုပ်စာရင်းတွေကြောင့် စိတ်နည်းနည်းရှုပ်ပြီး အရမ်းပင်ပန်းနေတာ။ ခုတော့ ဒါတွေ ယူပစ်သလို ပျောက်သွားပြီ"

ကိုကိုက သူ့ကို ကြည့်ရင်း ပြုံးမြစွာပြောပေမယ့် သူနားမလည်ပါ။

"ဟင် ဘာလို့လဲ"

"ဟော‌ဗျာ အမေပြောတဲ့အမောပြေလေး ရောက်လာလို့ပေါ့ဗျ"

ကိုကိုဟာလေ သိပ်ကို အကဲပိုတာပဲ။
သူရောက်လာတာနဲ့ ပင်ပန်းသမျှအမောတွေပြေသွားရောတဲ့လေ။ ကိုကိုတွေက သိပ်ကို ချစ်ဖို့ကောင်းပါလားနော်။

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now