Part-24(U+Z)

480 44 7
                                    

ဟိုဘက်အိမ်သို့ရောက်သည်နှင့် သားပေါက်သည် သူ့ဝသီအတိုင်း အန်တီအား ဘွားဟုခေါ်ကာ ကပ်ချွဲလေတော့သည်။ပုံ့ပုံကိုလည်း မမဟုခေါ်ရင်း TVမှလာသည့် ဇာတ်ကားအကြောင်း ရှင်းပြခိုင်းနေသေးသည်။ကလေးချစ်တတ်သည့် ပုံ့ပုံသည်လည်း မငြီးမငြူရှာပေ။

"ကဲ အန်တီတို့ထမင်းစားကြရအောင်လေ"

ဧည့်ခန်းထဲတွင် ခဏထိုင်ပြီးနောက် အနခတီဒေါ်မြကေသီဆီမှ ပထမဆုံး ကြားရသောစကားဖြစ်သည်။ထိုင်နေရာမှထ၍ ထမင်းစားခန်းဆီသို့ သွားရန်ပြင်လိုက်ကြလေသည်။

ဒေါ်မြကေသီသည် သားပေါက်၏ လက်ဖောင်းကလေးကိုဆွဲကာ ထမင်းစားခန်းထဲသို့ ထွက်သွားလေသည်။သူတို့နှစ်‌ယောက်က အနောက်မှလိုက်သွားရလေသည်။ ပုံ့ပုံကတော့ ဧည့်ခန်းထဲမှာပင် ဇာတ်လမ်းတွဲကြည့်ရင်း ကျန်နေခဲ့လေသည်။

မိသားစုထမင်းဝိုင်း စားပွဲပေါ်တွင် တင်ထားသည့် ဟင်းမျိုးစုံက ဆာနေသည့်ဗိုက်ကို ပိုပြီးဆာလောင်စေသည်။

"ကဲထိုင်ကြလေ စားကြရအောင်"

စားပွဲဝိုင်း၏ ထိပ်ဆုံးခုံတွင် ဒေါ်မြကေသီထိုင်လေသည်။ဒေါ်မြကေသီ၏ နံဘေးတွင် သားပေါက်ထိုင်‌ေလသည်။သူတို့နှစ်ယောက်သည် စားပွဲ၏ ဘေးတစ်ဖက်ဆီတွင် နေရာယူလိုက်တာကြောင့်မျက်နှာချင်းဆိုင် ဖြစ်သွားလေသည်။

"မေမေ့ဟင်းတွေက မွှေးနေတာပဲ"

"သားရော ထည့်စားနော်"

"ဟုတ်ကဲ့ အန်တီ"

ဟိုဘက်အိမ်နှင့်ဒီဘက်အိမ်၏ မိသားစုထမင်းဝိုင်းလေးသည် လူစုံစွာ ပျော်ရွှင်စရာကောင်းလှသည်ဟု ထင်မိသည်။အန်တီ့လက်ရာသည်လည်း အံ့မခန်းပင်။ပို၍ပင် ထမင်းမြိန်စေသည်။

"ဘွား"

"ရှင့်"

"လူကြီး‌ေတွက ကစားကြလားဟင်"

"မြေးရယ် ပေါက်ပေါက်ရှာရှာ။ လူကြီးတွေက ဘယ်နှယ့်ကစားမတုန်းကွယ့်"

"ကစားကြပါတယ် ဘွားရဲ့"

"ဟောတော် ပြောစမ်းပါဦး။ မြေးက ဘယ်သူတွေ ကစားတာမြင်ဖူးလဲ"

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now