Part-6(U+Z)

609 49 0
                                    

လူက စိတ်မကြည်သော်လည်း ခွင့်ရက်ရှည်ယူ၍ မရသောကြောင့် အလုပ်ပြန်ဝင်ရသည်။ အလုပ်ထဲတွင် သက်တောင့်သက်သာ နေနိုင်၍ တော်သေးသည်။မင်္ဂလာပွဲကိစ္စအား ရုံးမှလူများ အကုန်သိကြလေသည်။သို့သော် မြတ်မင်းထင်၏ ကိုယ်ကျင့်သိက္ခာအား ယုံကြည်ကြ၍ သိပ်ပြီးတော့ အနေရကျဉ်းကြပ်မနေပေ။မေးတာမြန်းတာ စပ်စုတာမျိုးမလုပ်ကြ၍ တော်သေးသည်။

မင်္ဂလာပွဲအား ရည်ရွယ်ချက်ရှိရှိနှင့် ဖျက်ဆီးသွားသည့် မိန်းကလေးအား မြတ်မင်းထင် သိချင်လှသည်။ရွှေဖူးလွှာနှင့် ကွဲကွာသွားရသောကြောင့်လည်းမဟုတ်ပါ။ရွှေဖူးလွှာနှင့် သူမ၏ အသိုင်းအဝိုင်းများအကြား မိမိ၏ ဂုဏ်သိက္ခာအား ပြန်၍ အဖတ်ဆယ်လိုသည်။မင်္ဂလာပွဲပျက်သွားရသော် စိတ်ထဲတွင် အရမ်းခံစားမနေရပေ။

ထိုမိန်းကလေး၏ ပုံပန်းသဏ္ဍာန်နှင့် ကိုယ်ဟန်အား ရင်းနှီးသယောင်ရှိနေသော်လည်း စိတ်ထဲ အဖြေဖော်မရ။ ဘာပဲဖြစ်ဖြစ် အဆိုးထဲက အကောင်းဟုပင် ‌ဆိုရပါပေဦးမည်။အိမ်ထောင်သည်ယောကျာ်းတစ်ယောက်မဖြစ်ချင်သေးသည့် သူ့အတွက် ထွက်ပေါက်အဖြစ် ကူညီပေးခဲ့သည် မဟုတ်လား။

ကျေးဇူးတင်ရပါတယ် မိန်းကလေးရေ။
တစ်နေ့ကျ ကိုယ်မင်းကို ကျေးဇူးဆပ်ဦးမယ်။

"ကိုမြတ် ဂျာကြီး ခေါ်နေတယ်"

"ဟေ အေးအေး"

အတွေးပင်လယ်ထဲ လက်ပစ်ကူးနေစဉ် ဂျာကြီးခေါ်နေသည်ဟု လာပြောသည့် မိန်းကလေးကြောင့် အတွေးစပြတ်သွားသည်။

ဂျာကြီး ခေါ်ရင် မပေါ့တော့နဲ့။ တစ်ခုခုခိုင်းဖို့ပဲ ရှိလိမ့်မည်။မြတ်မင်းထင် ထိုင်ရာမှထကာ ဂျာကြီး ရုံးခန်းဆီသို့ ထွက်လာလိုက်လေသည်။

"ဂျာကြီး ကျွန်တော့်ကို ခေါ်တယ်ဆို"

အခန်းထဲဝင်ဝင်ချင်းပင် မန်နေဂျာကိုမင်းသိန်းအား သူ မေးလိုက်သည်။

"အေး ထိုင်ဦး"

ဂျာကြီးနှင့် မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ထိုင်နေသော ကောင်လေးကြောင့် မျက်ခုံးများ ပင့်တက်သွားရသည်။ ဟိုဘက်အိမ်ကကောင်လေးပင်ဖြစ်သည်။အင်း။ ခုမှ ရေးတေးတေးနှင့် မှတ်မိတော့သည်။ တစ်နေ့က Supermarketတွင် မိမိအား ဖေဖေဟု ခေါ်ခဲ့သည့် ကလေးငယ်လေး၏ ဦးလေးဖြစ်သူဖြစ်သည်။ပုဒ်မတစ်ချို့တပ်ကာပင် စွတ်စွဲသွားခဲ့သေးသည့်ကောင်လေးဖြစ်သည်။

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now