Part-26(U+Z)

403 38 6
                                    

နယ်မှ ပြန်ရောက်သည့်အချိန်နှင့် ရုံးပိတ်ရက်တိုက်နေတာကြောင့် သူတို့နှစ်ယောက် ရုံးမသွားရပဲ အိမ်မှာသာရှိနေခဲ့ကြသည်။ရုံးပိတ်ရက်မို့ ဟိုဘက်အိမ်နှင့် ဒီဘက်အိမ်ပေါင်းကာ မုန့်ဟင်းခါး ချက်စားကြမည်ဟူသည့် မေမေ့၏ စိတ်ကူးအား အကောင်အထည်ဖော်ရန် မြတ်မင်းထင်နှင့် သားပေါက် ဈေးသို့သွားရလေသည်။

မေမေနှင့်ညီက လိုအပ်သည်များ ကြိုတင် ပြုလုပ်ရင်း အိမ်မှာကျန်ရစ်ခဲ့လေသည်။ မြတ်မင်းထင်နှင့်သားပေါက်သည် မုန့်ဟင်းခါးချက်ရန်လိုအပ်‌သောပစ္စည်းများဝယ်ရန် မေမေရေးပေးလိုက်သည့် စာရင်းစာရွက်လက်ကလေးကိုင်ရင်း ဈေးထဲသို့ ရောက်ရှိနေသည်။

ပစ္စည်းအဝယ်မမှားစေရန် မေမေရေးပေးလိုက်သည့် စာရင်းစာရွက်အား စူးစိုက်ကြည့်ကာ
ဈေးဝယ်နေစဉ်

"ကိုမြတ်"

"ကိုမြတ်"ဟု တရင်းတနှီး ခေါ်သံလေး
ကြောင့် အသံလာရာဘက်သို့ လှည့်ကြည့်မိတော့ အသံပိုင်ရှင်မှာ ရွှေဖူးလွှာ ဖြစ်နေသည်။မထင်မှတ်သည့်နေရာတွင် မထင်မှတ်ထားသည့်လူနှင့် တွေ့လိုက်ရ၍ အံ့ဩသွားမိသည်။ ဖြစ်ပျက်ခဲ့ပြီးသော ကိစ္စများ ပြီးသွားကတည်း သူမနှင့် အဆက်အသွယ်မရှိတာ ကြာခဲ့ပြီဖြစ်သည်။ မေးထူးခေါ်ပြောလောက်သာ ရှိခဲ့သည်။သူမပုံစံက အရင်ကနှင့်မတူ။ အရင်ကထက် ပိုမိုသွက်လက်ပြီး တည်ငြိမ် ရင့်ကျက်လာဟန်။ အပွင့်ရိုက်ပိတ်စလှလှ‌လေးကို လှပသေသပ်စွာ ချုပ်ထားသည့် အင်္ကျီချုပ်ပုံဆန်းဆန်းနှင့် အညိုရောင်ဗြောင် ထဘီကို တွဲဖက်ဝတ်ဆင်ထားပုံက ရိုးရိုးလေးနှင့်ဆန်းကာ လှပနေသည်။

"ကိုမြတ် ဈေးလာဝယ်တာလား"

"အင်းဟုတ်တယ်။ မေမေက အိမ်မှာမုန့်ဟင်းခါးချက်စားမယ်ဆိုတာနဲ့လေ လိုအပ်တာလေး
လာဝယ်တာ... ရွှေဖူးရော"

"ရွှေဖူးလည်း အိမ်အတွက် လိုအပ်တာလေး လာဝယ်တာလေ...။ကိုမြတ်ပြောမှ အန်တီလက်ရာမုန့်ဟင်းခါးလေးတောင် လွမ်းသွားပြီ အိမ်မှာလိုက်စားမှ ရတော့မယ်ထင်တယ်"

သူမအပြောကြောင့် မြတ်မင်းထင်အားနာသွားရလေသည်။ထို့ကြောင့် မဆိုင်းမတွပင်

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now