Part-37(U+Z)

197 12 3
                                    

ကိုကို Resignတင်တော့မည် ဆိုသည့်အကြောင်းသည် သူ့အတွက်တော့
မိုးကြိုးပစ်ခံရသည့် လူနှယ် ခေါင်းတစ်ခုလုံး ချာချာလည်သွားစေသည်။ ကိုကို အလုပ်ထွက်ဖို့ စာတင်မည့်အကြောင်း ဝင့် ဖုန်းဆက်ပြောကတည်းက ဟန်ထွန်းဦး မျောက်မီးခဲဖင်ထိုင်မိသလို နေမရထမရ ဖြစ်နေခဲ့ရသည်။ ဒါကိုတော့ ဘယ်နည်းနဲ့မှ ဟန်ထွန်းဦး လက်ခံ၍ မရ။ ကိုကို့အစီအစဉ် အထမမြောက်ခင် ဘယ်နည်းနဲ့ဖြစ်ဖြစ် သူ ဖျက်ပစ်ရမည်သာ။

"ငယ် ဖေဖေက ဘာဖြစ်လို့လဲဟင် ဘွားဘွားကြီးကို စကားတွေပြောပြီး ငိုနေတယ်။ ဘွားဘွားကြီးကလည်း ငိုနေတယ်"

ဟုတ်သည်။ သားပေါက်မေးချင်လည်း မေးချင်စရာပါပင်။ တစ်နေ့ရွှေ တစ်နေ့ငွေဆိုသည့်အတိုင်း သားပေါက်ဖေဖေ ရောဂါအခြေအနေ ပြောင်းလာခဲ့သည်မှာ မနေ့ကတည်းကဖြစ်သည်။ ဒါကြောင့်လည်း မနေ့ကတည်းက သူတို့တူဝရီး ဒီအိမ်ကို ရောက်နေခဲ့ကြခြင်းဖြစ်သည်။ အစ်မနှင့်ဆက်မှ တော်ရမည့်သူတွေဖြစ်ပေမယ့် အဲ့ဒီလောက်ထိ ဟန်ထွန်းဦးဟာ လူမှုရေးမခေါင်းပါး။

"ဖေဖေ နေမကောင်းဖြစ်နေတာလားဟင် ငယ်"

နားမလည်သေးသည့် ကလေးငယ်ကို သူ စိတ်ဒဏ်ရာတွေ မပေးချင်ပါ။အခြေအနေမဟန်တော့သည်မို့ မိသားစုဆရာဝန်နှင့်ပြကာ အချိန်တစ်ခုကို စောင့်ဆိုင်းနေကြရသည့်ကာလတစ်ခုကို နုနယ်သေးသည့် ကလေးတစ်ယောက်ကို ဖွင့်ပြောပြဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

"သား ဖေဖေက ဘာမှမဖြစ်ပါဘူး။နေလည်းကောင်းပါတယ် နေကောင်းလို့လည်း သားကို လိမ်လိမ်မာမာနေဖို့ ပြောနိုင်တာပေါ့ သားရဲ့ ကဲ သွား ဖေဖေအနားမှာ နေနေ နော်။ ခဏနေရင် ငယ်လိုက်လာခဲ့မယ်"

"ဟုတ်"

မနေ့က ညနေကတည်းက ရောက်နေခဲ့သည့် သူတို့တူဝရီးနှစ်ယောက်လုံး အိမ်ပြန်ဖို့ အခွင့်ရေးမရသေးပေ။ အခြေအနေ
မဟန်လှ၍ သားပေါက်လည်း ကျောင်းမပို့ဖြစ်သလို၊ သူလည်း ရုံးမသွားဖြစ်ပေ။ ရုံးမသွားဖြစ်လိုက်သည့် ကာလအပိုင်းအခြားလေးမှာ ကိုကို Resignလုပ်တော့မည့်အကြောင်းကို သူ မသိခဲ့တာဖြစ်သည်။ ဒါကြောင့် တစ်နေလုံး သူ့စိတ်တွေ လေးလံနေခဲ့တာ ဖြစ်မည်။

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now