Part-4(U+Z)

706 50 5
                                    

"နင်တို့အားလုံး လာခဲ့ရမယ်နော် ဂျာကြီးရောပဲ"

အသံလာရာဘက်သို့ ဟန်ထွန်းဦး ငဲ့စောင်းကြည့်လိုက်မိသည်။ မျက်ဝန်းအာရုံထဲတွင် ပေါ်လာသည့် အသားခပ်လတ်လတ်၊မဲနက်‌လှသောမျက်ခုံး၊ဖြောင့်စင်းလှသည့်နှာတံနှင့် တည်ကြည်ခန့်ငြားသည့်အသွင်ကိုဆောင်နေသော
လူကြောင့် မျက်ခုံးများ ပင့်သက်သွားရသည်။

ထိုလူသည် ရုံးမှာရှိသည့်လူများအား ဖိတ်စာတစ်ခုဆီ ကမ်းပေးရင်း လာခဲ့ကြဖို့ ဆက်ဆက်မှာနေသည်။

"ဝင့် သူက"

"ဪ သူက တို့ရုံးက Marketingပိုင်းပဲ ကိုမြတ်မင်းထင်တဲ့ ရှေ့Sundayကျ သူ့ Weddingလေ ဖိတ်စာလာကမ်းတာ "

ဪ။
ခဗျားကြီးက လက်ထပ်တော့မှာကိုး။ဟန်ထွန်းဦး မထဲ့‌ပြုံးလေး ပြုံးကာ ဦးနှောက်အား အမြန်အလုပ်ပေးရသည်။
မိန်းမပျိုတစ်ယောက်ရဲ့ဘဝကို အလွယ်တကူဖျက်ဆီးနင်းချေခဲ့ပြီးမှ ခဗျားက လူကောင်းယောက်ဆောင်ပြီး မင်္ဂလာပွဲတောင် ကျင်းပဦးမယ်ပေါ့။ တိုက်ဆိုင်ချင်တော့ ခ‌ဗျားနဲ့ကျွန်တော်က တစ်ရုံးထဲ အတူတူအလုပ်လုပ်ရမယ့်သူတွေတဲ့လား။

"ဒါက ဝင့်အတွက်"

အနားသို့ ရောက်လာသည့် ထိုလူကြောင့် ဟန်ထွန်းဦး အတွေးစတစ်ချို့ ပျက်ပြယ်သွားရသည်။ထို့နောက် ထိုလူအား တင်းတည်နေသော မျက်နှာဖြင့် ခပ်ရဲရဲအကြည့်များဖြင့် ကြည့်လိုက်လေသည်။

"ကိုမြတ်ထင်ကို မိတ်ဆက်ပေးရဦးမှာ ဒါက ဝင့်သူငယ်ချင်း ဟန်ထွန်းဦးတဲ့ ဝင့်ကတော့ ဟန်ဦးလို့ပဲ ခေါ်တယ် သူကအလုပ်ဝင်တာ မကြာသေး‌ဘူး သူက ကိုမြတ်ထင်တို့ Marketingပိုင်းကပဲ ကိုမြတ်ထင်က ခွင့်ယူထားတော့ သူ့ကို မသိသေးတာ"

"ဪ ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ညီ
ညီလည်းကိုယ့်Weddingကို လာခဲ့ပါနော်"

အသင့်ပါလာဟန်တူသည့် ဖိတ်စာလေးအား ကမ်းပေးရင်း ပြောလာသည့် ထိုလူ့အား ဟန်ထွန်းဦး
မပြုံးပြမိပေ။ ခေါင်းကလေးအား အသာအယာညိတ်ပြလိုက်သည်။ ယဉ်ကျေးမှုအရတော့
Respect ထားပေးရမယ် မဟုတ်လား။သူက ကိုယ့်ရဲ့ Seniorပဲလေ။

ခဏကြာသည်နှင့် ထိုလူ ရုံးမှ ပြန်သွားလေသည်။

"ဟဲ့ကောင် ဟန်ဦး ဘာဖြစ်နေတာလဲ နည်းနည်းပါးပါးလေးလည်း ပြုံးပါဦးဟယ်
စူပုတ်နေတာပဲ တစ်လောကလုံး သူ့လုပ်စာထိုင်စားနေတဲ့အတိုင်းပဲ ဘာဖြစ်နေတာလဲ"

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now