အိမ်အလည်လာသည့် ရွှေဖူးလွှာအား မေမေ့ဆန္ဒကြောင့် အိမ်အပြန်လိုက်ပို့ပေးရေလသည်။သူမ၏ စကားသံများတွင် သူ့အပေါ်သံယောဇဉ်မပြတ်သေးသည့် စကားအရိပ်အမြွက်များထည့် ပြောတတ်သေးသည်။သူမစကားတို့သည် ဘယ်သို့ ဦးတည်နေမှန်း မြတ်မင်းထင် ရိပ်စားမိပါသည်။
လမ်းတစ်လျှောက်လုံး သူမ မေးသမျှအား မြတ်မင်းထင်တစ်ယောက် "အင်း အဲ"ဟူ၍သာ ဒိုင်ခံဖြေနေရသည်။စိတ်တော့မပါလှ။ သူ့စိတ်တို့သည် အိမ်မှာ စိတ်ကောက်ကာ ကျန်နေခဲ့မည့်
ချစ်ရသည့် ညီတစ်ယောက်ဆီမှာသာ...။အိမ်ရောက်လျှင် ညီတစ်ယောက်စိတ်ဆိုးပြေအောင် ချော့ရမည်။ ညီ စိတ်ဆိုးစိတ်ကောက်လျှင် သူ
မနေတတ်ပါ။ ချစ်ရသူစိတ်ဆိုးစိတ်ကောက်လျှင် ရင်တွင်းဝယ် မီးကျည်ခဲကပ်ခံထားရသည်နှယ် ပူလောင်လှသည်။အိမ်ပြန်ရောက်လျှင် ရွှေဖူးလွှာနှင့် ပတ်သတ်မှုသည် မိတ်ဆွေတစ်ေယာက်ထက် မပိုကြောင်းကို ညီနားလည်အောင် ရှင်းပြရင်း စိတ်ပြေအောင်ချော့ရမည်ဟု စိတ်ထဲတွင်မှတ်ထားလိုက်သည်။
"ကိုမြတ် ရွှေဖူးမေးတာဖြေဦးလေ"
"ဟင် ဘာမေးလိုက်တာလဲ ရွှေဖူး။Sorry ကိုယ်အတွေးပျံ့သွားလို့"
သူတို့နှစ်ယောက်၏ စကားဝိုင်းမှာ အသက်မဝင်လှတာကိုတော့ သူမ သိဖို့ကောင်းလှပါသည်။ ရွှေဖူးလွှာအကြောင်းကို မြတ်မင်းထင်သိသည်။ ထက်မြက်သည့်မိန်းမတစ်ယောက် ဖြစ်ပြီး၊ လိုချင်တာရအောင် ယူလိုသည့် မိန်းမတစ်ယောက်ဖြစ်သည်။
"ဟင်း ဟင်း ရပါတယ် ကိုမြတ်ရဲ့"
ချိုအီလွန်းလှသည့် အပြုံးနှင့်ပင် သူမက ဆက်၍ပြောလေသည်။
"ရွှေဖူးမေးတာကေလ ဟို...ကိုမြတ် ခုချိန်ထိ အိမ်ထောင်မပြုသေးတာက တစ်စုံတစ်ယောက်ကိုများ စောင့်နေသလားလို့"
ရွှေဖူးလွှာသည် စကားကိုဆက်မပြောပဲ ရပ်ထားရင်း ရှက်နေဟန်ဖြင့် မခို့တရို့ပြုံးလေသည်။သူမဘာကို ရည်ရွယ်ပြောလိုသည်ကို မြတ်မင်းထင် မှန်းဆနိုင်ပါသည်။
ခုရှုပ်မှ နောင်ရှင်းတဲ့။
သူ့အတွက် ဟန်ထွန်းဦးဆိုသည့် ကောင်လေးသာလျှင် ရင်ထဲမှာရှိသည်။ သူမစကားတွေက ဦးတည်ချက်တစ်ခုဆီသို့ ရောက်နေပြီဆိုတာ သိသည်။ မပြောဘဲ ငြိမ်နေလျှင်လည်း လာနွှယ်နေဦးမည်သာ။ ထို့ကြောင့်ပင် မြတ်မင်းထင် အားနာပေမယ့် ပြတ်ပြတ်သားသား ငြင်းဆိုရန် ဆုံးဖြတ်လိုက်ရသည်။
DU LIEST GERADE
ဟိုဘက်အိမ်ကကောင်လေး
Romantikသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။