"ဆေးရုံ ဆင်းလို့ရပါပြီ"
သူနာပြုဆရာမလေး၏ အသံထက် ချိုသာသည့်အသံ ရှိတော့မည်ဟုပင် ဟန်ထွန်းဦး မထင်တော့။ဆေးရုံဆင်းလို့ရပြီဟူသည့် စကားက နားထဲ ပျားရည်လောင်းခံရသလိုပင်။ဟန်ထွန်းဦး ဆေးရုံမှာ အကြာကြီး မနေချင်ပါ။ သူ့လိုပင် လူတိုင်းနေချင်မှာမဟုတ်ပေ။ မနက်ကနေ ညအထိ ရနေသည့် ဆေးအနံ့တွေကြား သူ မပျော်တော့ပါ။ ဖြစ်နိုင်ရင် ညကတည်းက အိမ်ပြန်သွားချင်ခဲ့သည်။ညကလည်း တော်တော်နှင့် အိပ်မပျော်ခဲ့ပေ။
ဟိုဘက်အိမ်ကလူ ပြန်သွားပြီး အိမ်မညါဟု ကြံထားသော်လည်း မမသော်တို့ညီအစ်မနှစ်ယောက် ရောက်လာတာကြောင့် အိပ်မရတော့။ ကျိန်းစပ်နေသည့် မျက်လုံးများသည် မမသော်၏ ပြောစကားကြောင့်ပြူးကျယ်လာရကာ အိပ်ချင်စိတ်ပင်မရှိတော့။မမသော်တို့ ညီအစ်မနှစ်ယောက် ပြန်သွားကတည်းက စိတ်နှင့်လူသိပ်မကပ်လှပေ။ စဉ်းစားစရာတွေက ဆင့်ကာ ဆင့်ကာ ပေါ်လာရသည်။ ဟိုလူမြတ်မင်းထင်က ကလေးအဖေမဟုတ်ပဲ ဘာလို့ ကလေးအဖေပါဟု ဝန်ခံသွားရတာလဲ။ ဟိုလူ့မြတ်မင်းထင် သူ့အပေါ်ကြည့်သည့်အကြည့်များကိုတော့ သူ အနည်းငယ် ရိပ်စားမိပါသည်။သို့သော် ဟိုလူ့မြတ်မင်းထင်သည် သားပေါက်၏ ဖေဖေဖြစ်သည်ဟူသော အသိကြောင့် ခပ်ကင်းကင်းနေခဲ့သည်။
"ငယ်"
"ဟင် "
"သား အိမ်ပြန်ချင်တယ်"
"အင်း ပြန်ရမှာပေါ့ သားရဲ့ ခဏနေဆေးရုံ
ဆင်းစာအုပ်လုပ်ပြီးရင် ပြန်လို့ရပြီတဲ့""တကယ်လား ငယ်"
"အင်းပေါ့"
"ဟုတ်"
"သားဒီမှာ ခဏစောင့်နေခဲ့ဦး"ဟုဆိုကာ ဟန်ထွန်းဦး ကောင်တာဆီသွားရသည်။ ပြီးနောက် ဆေးရုံဆင်းစာအုပ်လုပ်ရသည်။စာအုပ်ရသည်နှင့် အခန်းထဲပြန်ကာ ဝေယျာဝေစ္စပစ္စည်းများ သိမ်းဆည်းရသည်။ ဒေါ်ညိုလည်း မရှိတာမို့ သူတစ်ယောက်တည်းပင်ဖြစ်သည်။ မေဝင့်ထည်အားလှမ်းခေါ်ရန်လည်း မဖြစ်လှ။ ဒီအချိန်ဆို သူမလည်း ရုံးရောက်နေလောက်ပြီ။
"ဒီပစ္စည်းတွေကို ဘယ်လိုများ သယ်သွားရပါ့မလဲ"
သယ်ပိုးရမည့် ပစ္စည်းများကို ကြည့်ရင်း ဟန်ထွန်းဦး စိတ်ပျက်လက်ပျက် ညည်းညူမိသည်။တစပ်တည်း ဒီလိုအချိန် တစ်ယောက်ယောက်လာရင် ကောင်းမှာပဲ ဟုတွေးနေမိလေသည်။
YOU ARE READING
ဟိုဘက်အိမ်ကကောင်လေး
Romanceသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။