Part_30(U+Z)

472 39 7
                                    

ဒေါသအိုးလေးကို ဘယ်မှာတွေ့ဖူးသလဲဟု စဉ်းစားကြည့်တော့ ဦးနှောက်ထဲ ဖြတ်ခနဲ ပြန်ပေါ်လာသော မှတ်ဉာဏ်ကြောင့် ဖြိုးဝေအောင် ပြုံးမိပါသည်။ အစ်ကို့ချစ်သူ၏ ရာဇဝင်အား စုံစမ်းရန် တောင်တွင်းကြီးကိုရောက်ခဲ့စဉ်က ထမင်းဆိုင်မှာ ဝင်တိုက်ခဲ့မိသည့် ကောင်လေးဖြစ်နေသည်။

"ဖူးစာဖက်"များလားဟု ထင်ယောင်ထင်မှား ဖြစ်နိုင်စရာပင်။ ကံကြမ္မာက သူတို့နှစ်ယောက်ကို တွေ့ဆုံဖို့ ဖန်တီးပေးခဲ့တာက အဆန်းသား။ သို့သော်လည်း ထိုကောင်လေး၏ အနားမှာ အမြဲတွေ့ရတတ်သည့် အရပ်ခပ်ရှည်ရှည်နှင့် အန်တီဒေါ်မြကေသီရဲ့သားက ထိုကောင်လေးနှင့် ဘယ်လိုပတ်သတ်မှုမျိုးပါလိမ့်။
မည်သို့ဆိုစေကာမူ လိုချင်တာရအောင် ယူတတ်သည့် သူ့အဖို့တော့ ဒါက သာမညကိစ္စပင်။ သူ ဒေါသအိုးလေးကို စိတ်ဝင်စားနေမိပြီလား...။

"ကျွီ"

"ညီငယ်"

ဝှီးချဲလေးအား လှိမ့်ရင်းမှ ရပ်လိုက်သည့်"ကျွီ"ဟူသောအသံနှင့် နားထဲသို့ ခပ်တိုးတိုးဝင်လာသည့် ခေါ်သံကြောင့် ဖြိုးဝေအောင် အတွေးစတို့ ပျက်သွားရသည်။

"ညီငယ်..ကိုကိုစုံစမ်းခိုင်းထားတဲ့အကြောင်း ဘာထူးသေးသလဲ"

ကိုကိုကြီးစုံစမ်းခိုင်းထားသည့် အကြောင်းကား တခြားမဟုတ်ပါ။ ချစ်ရသူနှင့် ချစ်ရသူထံပါသွားခဲ့သော ရင်သွေးလေးအကြောင်းပင်ဖြစ်သည်။ သူ ဘယ်လိုပြန်ဖြေရပါမည်နည်း။ အမှန်တိုင်း ဖွင့်ပြောပြဖို့ အချိန်တန်ပြီလား...သို့မဟုတ် အရာအားလုံး အဆင်ပြေမှ အသိပေးသင့်သလား...။ဖြိုးဝေအောင် ဝေခွဲမရနိုင်ဖြစ်နေခဲ့ရပြန်သည်။

ကိုကိုကြီး၏ ချစ်သူနှင့် ရင်သွေးငယ်အကြောင်း စုံစမ်းစဉ်ကာ ခက်ခဲမည်ဟု ထင်ထားခဲ့သော်လည်း ထင်ထားသည်ထက်ပင် လွယ်ကူနေခဲ့သည်။ ထိုအမျိုးသမီး နေထိုင်ခဲ့သော အမျိုးသမီးဘော်ဒါဆောင်မှ အဆောင်မှူးဆီမှ လိပ်စာတောင်းလိုက်ရရုံသာ။ လိပ်စာအရစုံစမ်းပြီး သိလာခဲ့ရတာတော့ စိတ်မကောင်းရ။ ကိုကိုကြီး၏ ချစ်သူမှာ သေသွားခဲ့ပြီတဲ့လေ။ သေဆုံးသွားသည်မှာ သုံး၊လေးနှစ်မျှ ကြာပြီဆိုတာ ကိုကိုကြီးသိရင် ရှော့ခ်ရသွားမလားဆိုတာ ဖြိုးဝေအောင် စိုးရိမ်မိသည်။ မကြာခင် ရက်ပိုင်းလောက်ကမှ ထူထူထောင်ထောင်ဖြစ်လာခဲ့သော ကိုကိုကြီးကို သူပြောလိုက်သည့်စကားကြောင့် စိတ်တို့ယိမ်းယိုင်မသွားစေချင်တာ အမှန်ပင်။ သေချာတာကတော့ မေမေနှင့်အရင်ဆုံး တိုင်ပင်ကြရဦးမည်သာ။ မေမေ့ကိုလည်း ကိုကိုကြီးကို အသိမပေးဖို့ နှုတ်ပိတ်ထားရသည်။

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now