ခြံဝန်းထဲတွင် ညမီးအလင်းရောင်မှ လွဲ၍ တခြားသော အလင်းရောင်မရှိပေ။ကောင်းကင်ကြီးကို မော့ကြည့်မိတော့လည်း လခြမ်းကွေးလေးနှင့် မှိတ်တုတ်မှိတုတ် ကြယ်ကလေးများက ဟိုတစ်စ ဒီတစ်စသာရှိသည်။
မြတ်မင်းထင် အိပ်မပျော်နိုင်ရှိသည်မို့ ခြံထဲဆင်းလမ်းလျှောက်ဖြစ်လေသည်။အိပ်လို့မရတာလို့ ပြောရင် မှန်လိမ့်မည်ထင်သည်။နေ့လယ်က ညီ့ဆီကရခဲ့သည့် အဖြေကြောင့် သူ့ရဲ့ရင်ခုန်သံများက ခုထက်ထိ အရှိန်မသေသေး။တဒိတ်ဒိတ် ခုန်နေဆဲပင်။
ညီလည်း ယခုချိန် သူ့လိုပဲ ရင်ခုန်နေလိမ့်ဦးမည်ထင်သည်။ ခြံဝန်းထဲတွင် တစ်ေယာက်တည်း တောင်လျှောက် မြောက်လျှောက်ဖြင့် ဂနာမငြိမ်ဖြစ်နေသည်။မေမေမရှိ၍ တော်သေးသည်။ မေမေရှိလျှင် သူ့သားတော်မောင် ဘာဖြစ်နေပါလိမ့်ဟုသော အကြည့်ဖြင့် ကြည့်နေလိမ့်ဦးမည်ထင်သည်။
ဘုရားကိုးဆူလိုက်သွားသည် မေမေက မနက်မှ ပြန်လာမည်ဖြစ်သည်။ပုံ့ပုံ့ကတော့ ဧည့်ခန်းထဲတွင် မြန်မာဇာတ်လမ်းတွဲအား စိတ်ဝင်တစားကြည့်ရှုနေသည်။သူ့စိတ်တွေက ညီ့ဆီကိုသာ ရောက်
နေသည်။တဒိတ်ဒိတ်ခုန်နေသော ရင်က ချစ်ရသူလေးဆီသွားဖို့ စေခိုင်းနေပြန်သေးသည်။စိတ်၏ခိုင်းစေမှုကို မလွန်ဆန်နိုင်သည့်နောက် ဟိုဘက်ခြံရှိရာသို့ ခြေလှမ်းက ဦးတည်နေလေပြီ။"မောင်မြတ်မင်း ညကြီးအချိန်မတော်ဘယ်သွားမလို့"
ဟိုဘက်ခြံရှေ့သို့အရောက် ခြံတံခါးသော့ခတ်ရန် လာသော ဒေါ်ညိုနှင့် ပက်ပင်းတိုးရလေသည်။တစ်ခဏကြာအထိ ဘာဖြေရမှန်းမသိအောင် ကြောင်အမ်းအမ်းဖြစ်နေရလေသည်။
"ဟို ဟိုကောင်လေး အိပ်ပြီလား ဒေါ်ညို"
"ဟန်ထွန်းလား မအိပ်သေးပါဘူး အခန်းထဲမှာ စာဖတ်နေလေရဲ့"
"ကျွန်တော် ကျွန်တော်သူ့ဆီလာတာပါ"
"ဒါဆိုလည်း ဝင်လေကွယ် ခြံရှေ့မှာ ရပ်နေတယ်လို့"
ကြိုက်မရှက်၊ငိုက်မရှက်ဖြစ်နေပြီထင်ပါရဲ့။ဒေါ်ညို၏ အံ့ဩဟန် မျက်နှာပေးအား လျစ်လျူရှုကာ မြတ်မင်းထင် အိမ်ထဲသို့ ဝင်လာခဲ့သည်။သူ့အနောက်မှာ ဒေါ်ညိုလည်း လိုက်ပါလာလေသည်။
YOU ARE READING
ဟိုဘက်အိမ်ကကောင်လေး
Romanceသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။