အိမ်ရောက်သည်နှင့် မေမေ့ထံမှ စကားသံခပ်တိုးတိုး ထွက်လာလေသည်။
"သားနဲ့ဟိုဘက်အိမ်ကလေးနဲ့တကယ်ပဲ ငြိမ်းချမ်းရေးရသွားကြပြီလား"တဲ့။ ငြိမ်းချမ်းရေးပင်မက သူ့နှလုံးသားလေးရေးရာပါ ထိုကောင်လေးကို မူပိုင်ခွင့်ပေးလိုက်ပြီဆိုတာ မေမေအား ပြောပြချင်ပါရဲ့။သို့သော် ပြောပြဖို့ အချိန်ကစောလွန်းနေသေးတာမို့ မေမေ့ကို ပြောဖို့မရဲသေးပေ။
"နောက်တော့ သိမှာပေါ့ မေမေရာ"ဟူ၍သာ မေမေ့အား စကားဝှက်ချန်ကာ ညီနဲ့သူ့အကြောင်းကို မပြောပြဖြစ်တော့ပေ။တစ်နေ့တစ်နေ့၊တစ်ချိန်ချိန်မှာ မေမေ့ကိုတော့ ဖွင့်ပြောပြမည်ဟု သူ စိတ်ကူးထားသည်။မေမေလည်း ညီနဲ့သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို နားလည်လက်ခံပေးနိုင်ပါရဲ့။
"မေမေ သားအလုပ်သွားတော့မယ်နော်"
"အေးအေးသား။ဂရုစိုက်သွားနော်"
"ဟုတ်ကဲ့ပါ မေမေ"
မေမေအားနှုတ်ဆက်ပြီးနောက် ဟိုဘက်အိမ်ရှိရာဆီသို့ ထွက်လာခဲ့မိသည်။ဆိုင်ကယ်ေလးအား ခြံဝန်းရှေ့တွင်ရပ်ကာ ခြံဝန်းထဲသို့ ဝင်ရန်ပြင်လိုက်လေသည်။ဟိုဘက်အိမ်ခြံဝန်းထဲသို့ ခြေချမိသည်နှင့် သားပေါက်၏ ငယ်ဟူေသာ အသံဆာဆာလေးနှင့် ဟေ့ကောင်ဟု မာန်ပါပါပြောတတ်သော ချစ်ရသူလေး၏ အသံကိုစကြားရလေသည်။
"ဖေဖေ"
အိမ်ရှေ့ဆင်ဝင်အောက်သို့ ရောက်သည်နှင့် သားပေါက်၏ ဖေဖေဟူသော ခေါ်သံကိုကြားရလေသည်။ဖေဖေဟူသော ခေါ်သံနှင့်အတူ သူ့ဆီသို့ ပြေးလာသော သားငယ်လေးအားအလိုက်သင့် ပွေ့ဖက်လိုက်ကာ အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။
"ဘာ လာလုပ်တာလဲ ခဗျားက"
အိမ်ထဲရောက်ရောက်ချင်း စာဖတ်နေရာမှ ရန်တွေ့နေသော ချစ်ရသူလေး၏ စကားကြောင့် မြတ်မင်းထင် ပြုံးမိသွားလေသည်။ဒီကောင်လေးနှင့် ပတ်သတ်လျှင် သူ့မှာ အရာရာချစ်တတ်လေပြီ။မျက်စောင်းထိုးတာကအစ ဘောက်ဆတ်ဆတ်ပြောတာေတွ အဆုံး အကုန်ကို ချစ်မြတ်နိုးမိလေပြီ။
ချစ်မိပြီဆို ထိုလူ၏ ကောင်းခြင်း၊ဆိုးခြင်းတွေကို ချစ်တတ်လာတယ် ထင်ပါရဲ့။
YOU ARE READING
ဟိုဘက်အိမ်ကကောင်လေး
Romanceသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။