Part-16(U+Z)

481 43 0
                                    

မြတ်မင်းထင် နယ်က ပြန်ရောက်ကတည်းက ဟိုဘက်အိမ်မှကောင်လေးအား မတွေ့ရသေးပေ။မတွေ့ရတာကြာ၍ လွမ်းနေလေပြီ။သားပေါက်နှင့်လည်း မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။
ညက ပြန်ရောက်ရောက်ချင်း တွေ့ချင်စိတ်ကပြင်းပြနေမိသော်လည်း  သွားတွေ့ဖို့မဖြစ်နိုင်ခဲ့ပေ။နယ်မှာအလုပ်လုပ်နေရသည်ကိုပင် စိတ်ကမဖြောင့်လှ။ မင်းထိန်၏ မိန်းမကျမ်းဋီကာကိုလည်း သူ စိတ်ညစ်ရလောက်အောင်ထိ နားထောင်ခဲ့ရသည်။

လန်းဆန်းစွာဖြင့်နိုးထလာရသည့်မနက်ခင်းတိုင်း ဟိုဘက်အိမ်က ဘာသံမှ မကြားရသည်မှာ တစ်ပတ်ကျော်နေပြီဖြစ်သည်။ဒီနေ့လည်း ဘာသံမှမကြားရ။ သာမန်ထက်ပင်ဆိတ်ငြိမ်လွန်းနေသည်။ အရင်ကဆို "သားပေါက်ကျောင်းသွားဖို့ ပြင်ရမယ်လာခဲ့"ဟူသော ခပ်စွာစွာအသံလေးနှင့် ငယ်ချင်း ထပ်အောင် ခေါ်တတ်သည့် သားပေါက်လေး၏ အသံရော ယခုအချိန်အထိ
မကြားရသေးပေ။

သားပေါက်လေးသည် မြတ်မင်းထင်အား သူ့ရဲ့ ဖေဖေဟုသာ ထင်နေသည်မှာ ဘယ်တော့များမှ ရပ်တန့်မည်မသိ။တွေ့သည့်အခါတိုင်းလည်း အမြဲလိုလိုပင် ဖေဖေဟုခေါ်တတ်သေးသည်။အစက ရှက်မိပေမယ့် ယခုမူ နေသားပင်ကျနေပြီဖြစ်သည်။သူ့အဖြစ်က အိမ်ထောင်မပြုရသေးပါပဲနှင့် ကလေးတစ်ယောက်အဖေဖြစ်နေလေပြီ။

သူ အိပ်ရာထက် လူးလိမ့်ရင်း ပြတင်းဝမှတစ်ဆင့် ဟိုဘက်အိမ်သို့ အဓိပ္ပာယ်မဲ့စွာငေးကြည့်နေမိသည်။ အိပ်ရာပင် မထကြသေးသည်လား မသိ။ ဟ်ုဘက်အိမ်တစ်အိမ်လုံး ပုံမှန်ထက်ပင် တိတ်ဆိတ်နေသည်။ ဘာဖြစ်နေကြတာပါလိမ့်။

"သားရေ "

"ဗျာ မေမေ"

"မေမေ အခန်းထဲဝင်ခဲ့မယ်နော်"

"ဟုတ် ဟုတ်ကဲ့ မေမေ"

အခန်းအပြင်မှ မေမေ့ခေါ်သံကြောင့် သူ အိပ်ယာပေါ်မှ ကမန်းကတန်းထလိုက်သည်။ပြီးနောက် သူ့အိပ်ခန်းတံခါးချပ်လေး ခပ်ဟဟပွင့်လာသည်။ပွင့်ဟလာသော တံခါးလေး၏နောက်မှ ထွက်ပေါ်လာသော မေမေအား ပြုံးပြလိုက်လေသည်။

"မေမေ့သားလေး အလုပ်တွေနဲ့လူပင်ပန်း၊ စိတ်ပင်ပန်းကွယ် အလုပ်လုပ်ရတာရော အဆင်ပြေခဲ့ရဲ့လား"

ဟိုဘက်အိမ်ကကောင်လေးWo Geschichten leben. Entdecke jetzt