အန်တီသင်း၏ ဆုံးဖြတ်ချက်ကို ညီတို့
နှစ်ဦးသဘောတူလက်ခံခဲ့ကြသည်။ သားပေါက်ကိုတော့ သူ့အဖေအား အသိပေးချင်၍ အိမ်ခေါ်သွားဦးမည်ဆိုကာ အိမ်ခေါ်သွားသည်။ မေမေနှင့်ဒေါ်ညိုလည်း လိုက်ပါသွားကြသည်။ တကယ့်ကို မင်္ဂလာရှိသော နေ့တစ်နေ့ပါပဲ။"အန်တီသင်းနဲ့ သွားတွေ့တာ ကိုကိုဘာလို့
ကျွန်တော့်ကို မပြောပြတာလဲ"အန်တီသင်းတို့ ထွက်သွားပြီးမကြာမှီ
ကိုစိတ်ကောက်လေး၏ မေးခွန်းကြောင့် မြတ်မင်းထင် ခပ်ယဲ့ယဲ့ပြုံးမိသည်။ကြိုသိနေခဲ့သည့် မေးခွန်းတစ်ခုကို ဖြေဖို့အတွက် သူတွေးထားပြီးပြီလေ...။ ဒီကောင်လေး
နှင့် ပတ်သတ်လာရင် ကြိုသိနေသည်မှာင်ရင်ထဲကိန်းအောင်းနေသည့် ပုဏ္ဏားလေးတစ်ယောက်ရှိနေသည်နှယ်...။"ကိုကို"
"ဗျား..."
"ဘာလို့ မပြောပြတာလဲလို့"
စိတ်ကောက်မှု ဒီဂရီမမြင့်ခင် ရှင်းပြဖို့တွေးထားတာမို့ မြတ်မင်းထင် နံဘေးမှ ချစ်ရသူ၏ လက်ဖဝါးနုနုအား ဆုပ်ကိုင်ကာ ပြုံးချိုသောမျက်နှာဖြင့် ကြည့်ရင်း
"ကိုကိုက ဒီကိစ္စတွေ အောင်မြင်မှ ညီ့ကို
ပြောပြမယ်လို့ စိတ်ကူးထားလို့ပေါ့ဗျ"ဟုခပ်အေးအေး ပြန်ဖြေတော့ အနှီကောင်လေး၏ မျက်စောင်းလှလှလေးက သူ့ဆီသို့ ဒိုင်းခနဲရောက်လာသည်။"ကိုကို"
"ပြောစေဗျာ"
"ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"
"ဟောဗျာ"
နှစ်လိုဖွယ်အပြုံးတို့ဖြင့် ခပ်တိုးတိုးဆိုလာသည့် ညီ့စကားသံလေးကြောင့် သူ့ရင်ထဲနွေးသွားရသည်ဆိုပေမယ့် ကျေးဇူးဆိုသည့် စကားဟာ သူတို့နှစ်ယောက်ကြားမှာ လိုမှမလိုအပ်တာ...။ ကိုယ်ကချစ်ရသူနဲ့ ကိုယ့်ကိုချစ်သူတို့ကြား ထိုစကားဟာ သူစိမ်းဆန်လှသည်ဟုပဲ ကျွန်တော်အတွေးခေါင်စွာ တွေးမိပါသည်။ ကျွန်တော့်ခံယူချက်က ကိုယ့်ချစ်နေရတဲ့သူတွေ ပျော်ရွှင်နေဖို့ပဲဖြစ်သည်။ သားပေါက်လေးကိစ္စအတွက် ထိုကဲ့သို့ ကူညီခွင့်ရတာကိုပင် သူကျေနပ်နေမိသည်။
YOU ARE READING
ဟိုဘက်အိမ်ကကောင်လေး
Romanceသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။