Part-10(U+Z)

564 50 8
                                    

ဟိုဘက်အိမ်ကကောင်လေးသည် ဘာကြောင့် သူ့ကို အလွန်မုန်းတီးနေမှန်း မသိပေ။တခြားသူတွေနှင့်ဆိုလျှင် ပြုံးရယ်နေတတ်သော မျက်နှာလေးသည် သူနှင့်တွေ့လျှင် ချက်ချင်းတည်တင်းသွားတတ်သည်။အလုပ်တွင်လည်း သူနှင့် လုံးဝလေပေးမဖြောင့်ပေ။အိမ်နီးချင်းဟုဆိုသော်လည်း
သူနှင့်အခေါ်အပြောပင်မလုပ်။အလွန်ခေါင်းမာပြီး မျက်နှာတင်းလှသည့် ကောင်လေးဖြစ်သည်။

ဒီနေ့လုပ်သွားသည့်လုပ်ရပ်ကိုလည်း သူ လုံးဝနားမလည်နိုင်ပေ။ တစ်ရုံးလုံးရှိ သန့်ရှင်းဝန်ထမ်းမှမကျန် ဝန်ထမ်းအားလုံးအား မွေးနေ့ဖိတ်စာ ဖိတ်သည်။သို့သော် သူ မပါပေ။ သူ့အားဖိတ်စေချင်သော်လည်း ကိုယ့်ကိုပါ ဖိတ်ပါလားဟု၍လည်း သွားပြော၍လည်းမဖြစ်။ မည်သူမည်ဝါ၏ မွေးနေ့မှန်းပင်မသိရ။ နောက်ဆုံး ရုံးအကူကောင်လေး၏ ဖိတ်စာတောင်းကြည့်မှ သိရသည်။ တူတော်မောင် သားပေါက်ခေါ် ခန့်ဘုန်းနိုင်၏ ၄နှစ်ပြည့် မွေးနေ့တဲ့လေ။သားပေါက်လေးတောင် လေးနှစ်ပြည့်ပြီပဲ။

"မလိုက်ချင်ပါဘူး မေမေရာ "

"သားရယ် မလိုက်လို့ ဘယ်ဖြစ်မလဲ မေမေတို့က အိမ်နီးချင်းတွေလေ သားရဲ့"

"မေမေကလည်း အဲ့ကောင်လေးတစ်ရုံးလုံးကို ဖိတ်နေတာကြားသားပဲ သားကိုပဲ
မဖိတ်တာ"

ထိုကောင်လေးအား စိတ်ဆိုးဟန်ဖြင့် သူ
မေမေ့အားပြောလိုက်လေသည်။

"ဒါတော့ မေမေတို့က အိမ်နီးချင်းတွေလေ သားရဲ့ မေမေ့ကို ဖိတ်တာနဲ့သားကိုဖိတ်တာ အတူတူပေါ့သားရဲ့"

"မတူပါဘူး မေမေရာ သားက သားကို သူကိုယ်တိုင်ဖိတ်စေချင်တာ"

"မေမေ့သားက ကလေးကြီးကျနေတာပဲကွယ် မေမေ့သားက ဒီကောင်လေးထက်အကြီးလေ။ မေမေ့သားက နားလည်ပေးရမှာပေါ့ မဟုတ်ဘူးလား အငယ်တွေဆိုတာ ဒီလိုပဲ တစ်ခါတလေ တဇွတ်ထိုးသိပ်ဆန်တယ် သားရဲ့"

"မေမေမသိပါဘူး မေမေရာ သူက သားကိုဆို အမြဲအမြင်မကြည်ဖြစ်နေတာ"

"အမြင်မကြည်ဖြစ်နေတယ်ဆိုရင် အမြင်ကြည်အောင်နေပေးလိုက်ပေါ့ သားရယ် သူ့က သားကိုအမြင်မကြည်ဖြစ်နေရင်တောင် အမြင်မကြည်နိုင်တဲ့ အကြောင်းအရာတစ်ခုရှိ‌လို့ နေမှာပေါ့ သားရဲ့။ ကဲပါ သား မေမေနဲ့လိုက်ခဲ့ရမယ်...ဒါ မေမေ့ရဲ့အမိန့်ပဲ"

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now