Part_31(U+Z)

470 33 5
                                    

နာမည်ကြီးကုမ္ပဏီတစ်ခုမှ MDတစ်ယောက်၏ လိပ်စာကို စုံစမ်းရသည်မှာ သိပ်တော့မခက်ခဲခဲ့ပါ။မြတ်မင်းထင် လက်ထဲမှာကိုင်ထားသည့် အိမ်လိပ်စာလေးကို မမှိတ်မသုန်ကြည့်နေမိသည်မှာ အတော်ကြာပြီဖြစ်သည်။ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုသည့် စကားအား သူယခုမှပင် နားလည်ရတော့သည်။

သားပေါက်ကလေးရဲ့ ဖခင်ဖြစ်သူက
မေမေ့မိတ်ဆွေအန်တီသင်းရဲ့ သားအကြီးဆုံးဖြစ်နေသည်။ သားပေါက်လေးအား အိမ်အလည်ခေါ်သွားတတ်သည့် မေမေ့ကို တစ်မျိုးတစ်မည်ထင်မှာကို စိုးထိတ်မိသည်။
အန်တီသင်းတို့အိမ်သို့  အလည်သွားသည့်အခါတိုင်း သားပေါက်ကလေးကို ခေါ်သွားတတ်သည့် မေမေ့နှင့်‌ မေမေ့သားဖြစ်တဲ့ကျွန်တော့်ကို ညီတစ်ယောက် သံသယကင်းနိုင်ပါလေစ။ ညကတစ်ညလုံး
အိပ်မပျော်နိုင်ခဲ့ပါ။ ချစ်ရသူကို ပြောပြဖို့ သူ့အတွက် ခက်ခဲနေသည်။ ပြန်ပြောပြဖို့အင်အားတွေ ချနဲ့နေသည်။
ဘယ်လိုအင်အားမျိုးနဲ့ ‌ ညီ့ကိုရင်ဆိုင်ရမလဲ။

"သား ဘာတွေ ငိုင်နေတာလဲ"

အိမ်ရှေ့ဧည့်ခန်းမှာ အတော်ကြာအောင် ငူငူငိုင်ငိုင်ထိုင်နေသည့် သူ့ကို ရိပ်မိသွားဟန်ဖြင့် အနားသို့ ရောက်လာသည့် မေမေ့အား အားကိုးတကြီးမျက်ဝန်းတို့ဖြင့် ကြည့်ရင်း "မေမေ"ဟု ခပ်တိုးတိုး ခေါ်လိုက်မိသည်။ သူ့ပခုံးအား ခပ်ဖွဖွ‌ဆုပ်ကိုင်ရင်း ဂရုဏာသက်စွာ ပြန်ကြည့်‌လာသည့် မေမေ့ကြောင့် မြတ်မင်းထင် ဘာပြန်ဖြေရမှန်းမသိ။

ကျွန်တော် ဘယ်လိုလုပ်ရမလဲ မေမေ။
ကျွန်တော် ညီ့ကို ဘယ်လိုစိတ်နဲ့ ပြောပြရမလဲ မေမေ။ ညီသိပ်သိချင်နေခဲ့တဲ့ လူတစ်ယောက်ရဲ့ လိပ်စာဟာ သားပေါက်နဲ့မေမေ အမြဲအလည်သွားနေကြ အန်တီသင်းတို့ရဲ့ အိမ်ဆိုတာကိုလေ။ ကျွန်တော်တို့ကို ညီအထင်လွဲသွားမှာစိုးတယ် မေမေ...။

"သား ဘာဖြစ်လို့လဲ မေမေ့ကိုပြောပြလေ။ ဟန်ထွန်းလေးနဲ့ အဆင်မပြေလို့လား"

"မဟုတ်ပါဘူး မေမေရယ်"

"စိတ်ညစ်စရာကိစ္စဆိုတာ တစ်ပါးသူကို ရင်ဖွင့်ပြောပြမှ စိတ်သက်သာမှာပေါ့ သားရဲ့။ နောက်ပြီး မေမေလည်း သားကို အကြံဉာဏ်ပေးနိုင်တာပေါ့ မဟုတ်ဘူးလား။ဒီအမေနဲ့ ဒီသားနှစ်ယောက်တည်းရှိတာ မေမေ့ကိုမှမပြော သားဘယ်သူကို ပြောမလဲ"

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now