Part-7(U+Z)

570 48 0
                                    

ငွေထုပ်ကလေးအား သူလက်ထဲသို့ ပစ်ပေးရင်းဟိုဘက်အိမ်ကကောင်လေးသည် မျက်နှာကိုပင် တစ်ချက်လှည့်မကြည့်ပဲ အရှေ့မှထွက်သွားလေတော့သည်။ အင်း။ဒီကောင်လေးဟာလေ လုပ်လိုက်ရင် ရိုက်ပေါက်ချည်းပဲ။Big Bagသီချင်းထဲကလို မှားရင်လည်းခံ မှန်ရင်လည်း သည်းခံပေဦးတော့ကွာ။

"ကဲ ကိုယ်တော့ နဒီတို့ဆေးခန်းကို နောက်ဆို ပစ္စည်းပို့ရုံကလွဲ ရောက်ရတော့မှာမဟုတ်ဘူး.."

"ဟုတ်ပါ့ကိုမြတ်ရေ ကိုမြတ်နဲ့ပါလာတဲ့သူကတော့ တကယ်Greatပဲ ဆရာကြီးဆီကနေ ဘယ်လိုပိုက်ဆံတောင်းလိုက်လဲ မသိဘူး ဟင်း ဟင်း.."

နဒီသည် ရယ်မောသံလေးသဲ့သဲ့ထွက်လာသည့် ရယ်နေတော့သည်။ နဒီနှင့်သူသည် ခင်မင်နေခဲ့တာကြာပြီဖြစ်သည်။ဤရုံးတွင် အလုပ်စဝင်ခါစကတည်းကလည်းဖြစ်သည်။ဆရာကြီးဆီ အကြွေးတောင်းရန် ခဏခဏရောက်ရသည်မို့ မောင်နှမအရင်းအချာကဲ့သို့ပင် ရင်းနှီးနေပြီဖြစ်သည်။ နဒီနှင့် ဆရာကြီးအကြောင်း ဖောက်သည်ချကာ ရယ်မောနေမိကြစဉ် ထိုကောင်လေးထွက်လာသည်ကို သတိမထားမိပင်။

စိမ်းတောက်နေသည့် မျက်ဝန်းများဖြင့် ကြည့်ကာ သွားမယ်ဟု ပြောပုံ တကယ့်ကို မခံချင်စရာလေးပင်။ စိတ်လျော့ထား မြတ်မင်းထင်ရေ။
စိတ်လျော့။စိတ်လျော့။

ကြာနေလျှင် ပြောခံရမည်ဆိုး၍ နဒီ့အားနှုတ်ဆက်ကာ ဆေးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

ဆူပုတ်ပုတ်မျက်နှာနှင့် ကားပေါ်တွင် အသင့်စောင့်နေသော ကောင်လေး၏ ဘေးတွင် ဝင်ထိုင်ကာ ကားလေးအား ဖြည်းဖြည်းမှန်မှန်မောင်းရင်း မြို့ထဲမှ ထွက်လာခဲ့လိုက်သည်။

ကားမောင်းနေရင်းမှပင် ဗိုက်ထဲမှ အစာ‌ေချပိုးကောင်လေးတစ်ချို့မှ ဆန္ဒပြကြလေပြီ။ ခုချိန်ထိ နေ့လယ်စာ မစားရသေးတာကြောင့် ဗိုက်ထဲတွင် တဂွီဂွီ တဂွမ်ဂွမ်မြည်နေပြီ ဖြစ်သည်။အမှန်တကယ်ဆို သူဗိုက်ဆာနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။။ထိုကောင်လေးအား တစ်ယောက်တည်း မထားခဲ့ချင်၍ အပြင်သွားမစားဖြစ်ပဲ နဒီနှင့်စကားပြောရင်း စောင့်နေခဲ့တာဖြစ်သည်။

"ဒီမှာ.."

မြတ်မင်းထင် ထိုကောင်လေးအား ခေါ်လိုက်လေသည်။သူကပဲ စပြောမှရပေမည်။ ယခုအချိန်ထိပင် ထမင်းစားကြရအောင် ဟူ၍ စကားစမလာသေးပေ။

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now