ဟိုဘက်အိမ်ကလေးဆီ အမြဲဝင်ထွက်သွားလာနေသည့် အနက်ရောင်ကားတစ်စီး။
ထိုကားပေါ်မှ လူတစ်ယောက်။ ဒါတွေက သူမမြင်လည်း အိမ်နီးချင်းအားလုံး သိနေ၊မြင်နေကြသည် ကိစ္စပင်။ အနက်ရောင်ကားနှင့် ထိုလူငယ်သည် ဟိုဘက်အိမ်ကို ချောင်းပေါက်မတတ် အမြဲဝင်ထွက်
နေသည်မှာ ဒီရက်ပိုင်း ပိုခြေစိတ်နေပါသည်။ ဒါတွေကို သူမမြင်လည်း
မေမေ့ဆီက တစ်ဆင့်ကြားနေရပါသည်။ မြွေမြွေချင်း ခြေမြင်သည်ဆိုဆို ဘာကြောင့် မကြာခဏရောက်နေသည်ဆိုတာကိုလည်း မြတ်မင်းထင် ရိပ်စားမိပါသည်။"သား မေမေ ခဏဝင်ခဲ့မယ်နော်"
"ဟုတ်ကဲ့ မေမေ"
အပြင်မှပြန်လာပြီး အခန်းထဲမှာ အတွေးလွန်နေစဉ် အခန်းထဲအထိ ရောက်လာသည့် မေမေ။ မေမေဘာကြောင့် သူ့အခန်းထဲထိ ရောက်လာသလဲဆိုတာလည်း သူသိပါသည်။ မနက်က ညီ့ကို လျစ်လျူရှုကာ ထားသွားသည့် ကိစ္စကို ပြောဖို့ပဲဖြစ်မည်ထင်သည်။
"ဘာကိစ္စရှိလို့လဲ မေမေ"
အခန်းထဲရောက်လာသည့် မေမေ့ကို သူကပဲ စကားလမ်းကြောင်း ခင်းပေးလိုက်ရသည်။
"အင်း မေမေအနေနဲ့ လူငယ်တွေကြားထဲ ဝင်မပါချင်ပေမယ့်လည်း မေမေ့စိတ်မချမ်းမြေ့လို့ မေမေပြောရမှာပါ"
"သားအမိချင်း စကားပလ္လင်ခံနေစရာမလိုပါဘူးမေမေရယ်။ မေမေပြောချင်တဲ့ ကိစ္စကိုသာ ပွင့်ပွင့်လင်းလင်း ပြောပါမေမေ"
မေမေက သက်ပြင်းခပ်ဖြည်းဖြည်းချသည်။ ပြီးနောက် သူ ထင်ထားသည့်အတိုင်းပင် ညီနှင့်သူ့ရဲ့အကြောင်းများ လေးတွဲစွာ ပြောလာပါသည်။
"သား ဘာဖြစ်လို့ ခုတလော ဟန်ထွန်းလေးကို ရှောင်နေရတာလဲ။ ဟန်ထွန်းလေး သနားပါတယ်ကွယ်။ အိမ်ဘက်ကို ခဏခဏလာပြီး သားကို လာမေးရှာတာ မေမေဖြင့် အမျိုးမျိုးလှည့်ပတ်ဖြေနေရတာ အားနာစရာဖြစ်နေရပြီ"
ကျွန်တော့်ရင်တွေ ဘယ်လောက်နာရသလဲဆိုတာရော မေမေသိရဲ့လား။ပိုင်ဆိုင်ချင်ရက်နဲ့ စွန့်လွတ်ဖို့ ကြိုးစားနေရတဲ့ လူတစ်ယောက်ရဲ့ ရင်ဟာ နှလုံးသားကို
အစိမ်းလိုက်ခွဲခဲ့ရသလို နာကျင်ရပါတယ် မေမေရယ်။
VOUS LISEZ
ဟိုဘက်အိမ်ကကောင်လေး
Roman d'amourသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။