Part-17(U+Z)

514 45 0
                                    

ကုတင်လေးထက်တွင် တရှူးရှူးဖြင့် အိပ်မောကျလျက်ရှိနေသော သားပေါက်ကိုကြည့်ကာ ဟန်ထွန်းဦး စိတ်မကောင်းလှ‌ေပ။ သားပေါက်လေး ဒီလို ဖြစ်ရတာ သူ့ကြောင့် ဖြစ်သည်ဟုတွေးမိရင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။

ဟိုလူနှင့် မပတ်သတ်ရဘူးဟူသည့်
တစ်ဖတ်သတ်အမိန့်တို့အား တူတော်မောင်သားပေါက်ကို နာခံစေခဲ့သည်။နုနယ်ငယ်ရွယ်သည့်ကလေးတစ်‌ယောက်၏ စိတ်ခံစားချက်ကို ထည့်သွင်းမစဉ်းစားမိခဲ့။

ဟိုလူမြတ်မင်းထင်နှင့် ဝေးအောင် မေဝင့်ထည်အိမ်မှာ ရှောင်ပုန်းနေခဲ့မိသည်။သားပေါက်သည်ပင် တစ်ပတ်ကြာအောင် ထမင်းသိပ်မစား၊သူ့အား စကားမပြောဘဲ နေခဲ့သည်။ နောက်ဆုံး ဆေးရုံပါတင်လိုက်ရသည် အထိဖြစ်ရလေသည်။

"ကလေးရဲ့ စိတ်ကအရမ်းနုနယ်သေးတော့ အသေးအဖွဲလေးကအစ လိုက်ခံစားနေတာပေါ့။ ကြာလာရင် ကလေးမှာ စိတ်ဒဏ်ရာရပြီး စိတ်ကျရောဂါမျိုးတွေ ဖြစ်လာနိုင်တယ်။စိတ်ကို စိတ်နဲ့ပဲ ပြန်ကုရမယ်။
ဖြစ်နိုင်ရင် ကလေးကို အထူးဂရုစိုက်ပါ နောက်ပြီး ကလေးကို ပျော်ရွှင်အောင် ထားပေးပါ"

ဆရာဝန်ကြီး၏ စကားသံများကို သူ့နားထဲမှာ ပြန်ကြားယောင်လာရလေသည်။တကယ်ဆို သူ သားပေါက်ကို ပျော်ရွှင်အောင်ထားခဲ့သင့်တယ် မဟုတ်လား။

ငယ့်အမှားတွေပါ သားရယ်။
သားဒီလိုဖြစ်ရတာ ငယ်အတ္တ‌တွေကြောင့်ပါ
သားရယ်။ငယ့်ကို နားလည်ပေးပါ။

အိပ်ရာထက်တွင် အိပ်မောကျနေသော သားပေါက်၏ နားသယ်စပ်ရှိ ချွေးစေးလေးများအား တယုတယ သုတ်ပေးလိုက်သည်။ ပြီးနောက် နဖူးလေးထက်တွင် ခပ်ဖွဖွအနမ်းပေးလိုက်လေသည်။

ငယ် ကတိပေးပါတယ် သားပေါက်။
ဒီနေ့ကစ ဒီအချိန်ကစ သားပေါက်လေး စိတ်ကြိုက် ငယ် ခွင့်ပြုပေးမယ်နော်။သားစိတ်ပျော်ရွှင်စေမယ့်အရာမှန်သမျှ ငယ် လိုက်လျောပေးပါ့မယ်။
ဟန်ထွန်းဦး စိတ်ထဲမှ ပြောလိုက်မိသည်။

I wanna follow where she goes×××××
I think about her and she know it×××××

ကုတင်ဘေးရှိ စားပွဲပေါ်မှ မြည်လာသည့် ဖုန်းသံကြောင့် ဟန်ထွန်းဦး ဖုန်းကို ယူလိုက်သည်။ Ph Screenအား ကြည့်မိတော့ Contact nameမပါပေ။ Unknown callဖြစ်သည်။စဉ်းစားမနေတော့ပဲ ဖုန်းကိုင်လိုက်လေသည်။

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now