Part-23(U+Z)

426 48 8
                                    

တဖြူးဖြူးတိုက်နေသော ဆောင်းလေကို အံတုရင်း ညီနှင့်သားပေါက်ကို ဆိုင်ကယ်လေးနှင့်ခေါ်ကာ တောင်သမန်အင်းဆီသို့ ထွက်လာခဲ့မိသည်။ သွားနေကျလမ်းဖြစ်သည့် ရတနာပုံတက္ကသိုလ်ကျောင်းလမ်းအတိုင်း မောင်းလာခဲ့တာ‌ေကြာင့် ဂရုတစိုက်မောင်းနေရသည်။အဝေးသင်သမားတို့ ကျောင်းတက်ချိန်‌ဖြစ်တာမို့ အနည်းငယ်မျှ လမ်းရှုပ်နေသည်။

ဆိုင်ကယ်လေးအား ဂရုတစိုက်မောင်းရင်းဖြင့် ဦးပိန်တံတားထိပ်သို့ ရောက်ရှိလာခဲ့ကြ‌ေလသည်။တံတားအနီးရှိ အကြော်ဆိုင်အနားတွင် ဆိုင်ကယ်ခဏရပ်ခဲ့ပြီး သူတို့သုံးယောက် တံတားပေါ်သို့တက်ခဲ့ကြသည်။

တံတားပေါ်သို့တက်ပြီးနောက် ခဏတာမျှ လမ်းလျှောက်လာခဲ့‌ကြသည်။အတန်ကြာအောင်လမ်းလျှောက်ခဲ့ပြီးနောက် မြတ်မင်းထင်ကပင်ဦးဆောင်၍ နားခိုရန်ဆောက်လုပ်ထားသော ဇရပ်ကလေးထဲသို့ ဝင်လိုက်လေသည်။ပြီးနောက် ဇရပ်အရိပ်ခိုကာ ခေတ္တမျှ နားကြလေသည်။

"ငယ် တံတားကအရှည်ကြီးပဲ"

"အင်း ဟုတ်တယ်"

"ဒီတံတားက ဘာတံတားလဲဟင်"

"ဦးပိန်တဲ့"

"ဦးပိန်ဟုတ်လား ငယ် နာမည်ကလည်း ဟီး ဟီး"

သားပေါက်သည် ဦးပိန်ဟူသည့် အမည်နာမအား သဘောကျကာဖြင့် ခိုးခိုးခစ်ခစ်ရယ်လေသည်။

"ဒီတံတားကြီးကို ဆောက်လုပ်ခဲ့တဲ့သူက မြို့စာရေးဦးပိန်ဆိုတဲ့လူမို့ ဦးပိန်တံတားလို့ ပေးထားတာတဲ့"

ညီသည် သားပေါက်အား အလွယ်နားလည်အောင်ရှင်းပြရင်း လွမ်းမောဖွယ်ရာ ရေပြင်ကျယ်ကြီးအား ငေးမာကြည့်နေလေသည်။

မြတ်မင်းထင်သည်လည်း တောင်သမန်၏အလှအား ချစ်သောစိတ်ဖြင့် တစ်ဝကြီးငေးမောကာ ကြည့်နေမိသည်။အပေါ်စီးမှမြင်နေရသည့် တောင်သမန်အင်း၏ အလှက စာဖွဲ့၍ မမှီနိုင်လောက်အောင်ပင် လှပနေသည်။

လှိုင်းထနေသော ရေပြင်ကျယ်ကြီးနှင့်အတူ ပေါက်ရောက်နေသော ဗေဒါပင်ကလေးများ၊ရေမှော်ပင်ကလေးများက ဟိုတစ်စု ဒီတစ်စု။ရေပြင်ကျယ်ကြီးထက်ဝယ် ပျံဝဲနေကြသော ငွေဗျိုင်းဖြူကလေးများက မြင်ရသူ၏ ရင်ကိုကြည်နူးစေသည်။ကျယ်ပြောလှသည့် တောင်သမန်အင်းကြီးထဲတွင် တံငါသည်အချို့သည်လည်း ဝမ်းရေးအတွက် ဥဒဟိုသွားလာ လှော်ခတ်နေကြသည်။

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now