"ညီ သားပေါက်လေးရော"
အလုပ်နားရက်မို့ အိမ်ရှေ့စင်ဝင်ဘေးရှိ ယခင်အိမ်ရှင်များစိုက်ပျိုးထားသော ပန်းပင်လေးများအား ရေဖြန်းနေစဉ်
နားထဲသို့ ခပ်သဲ့သဲ့ဝင်လာသော အသံကြောင့် ဟန်ထွန်းဦး ငဲ့စောင်းကြည့်လိုက်သည်။နောက်သို့ လှည့်အကြည့် မြင်လိုက်ရသော လူကြောင့် ဟန်ထွန်းဦး လန့်သွားရလေသည်။ဟိုလူမြတ်မင်းထင်ဖြစ်သည်။
ဘာကိစ္စအိမ်ထဲထိ ဝင်လာရတာလဲ။"ဘာကိစ္စရှိလို့လဲ"
ဟန်ထွန်းဦး လေသံတင်းတင်းဖြင့် မေးလိုက်လေသည်။သို့သော် ဟိုလူမြတ်မင်းထင်က အပြုံးမပျက်သွား။
"ကိစ္စကတော့ ထွေထွေထူးထူးရယ်တော့ မရှိပါဘူး။ဒီနေ့ အိမ်မှာ မုန့်ဟင်းခါးချက်စားတာနဲ့ မေမေက သားပေါက်လေးနဲ့ ညီ့ကို စားဖို့ခေါ်ခိုင်းလိုက်လို့"
"မစားတော့ပါဘူး ကျွန်တော်တို့ မနက်စာစားပြီးသွားကြပါပြီ"
"ငယ်ကလည်း သွားစားမယ်လေ...။ ဖေဖေ ငယ်ကညာပြောနေတာ ဘာမှမစားရသေးဘူး"
"ဟေ့ကောင် သားပေါက်"
"ငယ်ပဲ လိမ်ညာပြောရင် လျှာတိုတတ်တယ်ဆို"
ဒီတစ်ခါတော့ ကိုယ့်စကားနဲ့ကိုယ် ပြန်ခံပေဦးတော့ ဟန်ထွန်းဦးရေ...။ဟန်ထွန်းဦး ကိုယ့်စကားနဲ့ ကိုယ်မို့ ငြိမ်နေလိုက်ရပြန်သည်။
ဘယ်အချိန်ကတည်းက ခိုးနားထောင်နေမှန်းမသိသည့် သားပေါက်သည် ဟိုလူမြတ်မင်းထင်နှင့် သူတို့ပြောသည့်စကားများအား ဝင်ထောက်လေသည်။ တူဝရီးနှစ်ယောက်အဖြစ်က ရှေ့ကလူက ကြက်ဥ၊ကြက်ဥအော် နောက်ကလူက ပုပ်လို့၊ပုပ်လို့ဟူ၍ အော်သည်နှင့် အတူတူပင်ဖြစ်နေလေပြီ။ဟန်ထွန်းဦး ဟိုဘက်အိမ်ကို မလိုက်ချင်၍ တမင်တကာပင် ငြင်းလိုက်ပေမယ့် တစ်ကောင့်သား သားပေါက်က အမှန်တိုင်းဖွင့်ချလေတော့သည်။
"လိုက်ခဲ့ပါ ညီရယ် မေမေက ညီတို့အတွက်ပါ ပိုချက်ထားတာ ညီတို့လိုက်မစားလို့ မေမေစိတ်မကောင်းဖြစ်နေပါဦးမယ်"
"အားတော့ နာပေမယ့် ကျွန်တော်တို့ မလိုက်တော့ပါဘူး"
"သား လိုက်ခဲ့မယ် ဖေဖေ"
ESTÁS LEYENDO
ဟိုဘက်အိမ်ကကောင်လေး
Romanceသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။