Part-15(U+Z)

522 46 0
                                    

သတိရစိတ်နှင့် နိုးထလာသော မနက်ခင်းကြောင့် လူက လန်းဆန်းနေလေသည်။ညက သူ အိမ်မက်အကြာကြီး မက်ခဲ့သည်။အိမ်မက်ထဲတွင် ဟိုဘက်အိမ်က ကောင်လေးနှင့် သူ သည်အလွန်ပျော်ရွှင်နေကြသည်။ဖြစ်နိုင်လျှင် ညီနှင့်အတူဟူ၍ မက်သည့် အိမ်မက်တိုင်းကို မပြီး‌ဆုံးနိုင်သော အခန်းဆက်များဖြင့် အကြာကြီးမက်ချင်သည်။အိမ်မက်အား ရပ်တန့်ထား၍ ရရင်လည်း ရပ်တန့်ထားချင်သည်။
သို့သော် သူ မစွမ်းနိုင်ပါ။ မနက်ခင်းနေခြည်နုနုထွက်ပေါ်လာသည်နှင့် သူ နိုးထလာရလေသည်။

ညက မက်ခဲ့သည့် အိမ်မက် အကြောင်းကို စဉ်းစားရင်းမှ သူ ရင်‌တွေ တဒိတ်ဒိတ်ခုန်လာပြန်သည်။ သတိရစိတ်ကြောင့် မျက်နှာချောချောလေးအား သူ လွမ်းသလိုလိုရှိလာသည်။စိတ်က ခိုင်းစေသည့်အတိုင်းပင် သူ့ခြေလှမ်းများသည် ဟိုဘက်အိမ်ဆီသို့ ဦးတည်နေလေပြီ။

"ဒေါ်ညို ညီနဲ့ သားပေါက်ရော"

မနက်ခင်းအိမ်မှုန်စုံဖွားဖြင့်ပင် သူ ဟိုဘက်အိမ်သို့ ရောက်သွားခဲ့လေသည်။ဒါကြောင့် ကိုယ့်ရဲ့ Seniorလူကြီးတွေက မနက်မိုးလင်းတိုင်း ချစ်ရသူရဲ့ မျက်နှာလေးကို မြင်၍ နိုးထချင်ကြတာဖြစ်မည်ထင်သည်။

"အင်း ငါတူမသိသေးဘူးလား
တူဝရီးနှစ်ယောက်လုံး မေဝင့်ထည်ဆိုတဲ့ ကောင်မလေး အိမ်လိုက်သွားကြတယ်လေ...သူ့အစ်မ ပြန်လာလို့ဆိုလား ဘာဆိုလား မသိပါဘူးကွယ်"

သူ ဘာမှမပြောနိုင်တော့ပေ။ယခင်က တက်ကြွလန်းဆန်းနေသော စိတ်တို့သည် ကောက်ရိုးမီးကဲ့သို့ တစ်ဟုန်ချင်း ပြန်ငြိမ်ကျသွားလေသည်။
အချစ်ဆိုတာ ဘာလဲ ကျွန်တော် တကယ်မသိဘူး။အချစ်ဟာ အလွန်ဆန်းကြယ်တဲ့ အရာတစ်ခုလို့ ကျွန်တော်ပြောရင် ခဗျားတို့ယုံပါ။အချစ်ဆိုတာ ဘာလဲလို့ မေးရင်တောင် ဖြေစရာမသိခဲ့တဲ့ ကျွန်တော်ပါ။ ဟိုဘက်အိမ်က ကောင်လေးကို မတွေ့ရခင် အချိန်ထိပေါ့...။ခုချိန် အချစ်ဆိုတာဘာလဲဟု တစ်ယောက်ယောက်မေးလာခဲ့ရင် ဟိုဘက်အိမ်ကကောင်လေးကို လက်ညိုးထိုးပြမိမှာပင်။

ဟိုဘက်အိမ်က ကောင်လေးကို သူချစ်ခဲ့မိသည့်နောက်မှာတော့ အရာရာဟာ သူ့အတွက် ဆန်းကြယ်လာသည်။ထိုကောင်လေး၏ ဘောက်ဆတ်ဆတ်အပြောများကို သူ နှစ်သက်ခုံမင်လာသည်။
အချစ်ဆိုတာမျိုးက ကိုယ်နဲ့ ဓာတ်တည့်တဲ့ လူမျိုးကိုလည်း ချစ်သွားနိုင်တာမျိုးပဲမလား။

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now