ကားလေးအား ဆိုင်ရှေ့တွင် ရပ်ပြီးသည်နှင့် အနီးတွင်ရှိသော ထိုင်ခုံလေးများပေါ်တွင် နှစ်ယောက်သား ခြေပစ်လက်ပစ်ထိုင်ချမိလိုက်တော့သည်။
"ကားက ဘာဖြစ်တာလဲ ညီလေး"
"ဘာဖြစ်မှန်းကို မသိတာအစ်ကို ဒီအတိုင်းထိုးရပ်သွားလို့"
ကားပြင်ဆရာသည် ကားအဖုံးအား ဖွင့်ကာ ဟိုဟိုဒီဒီကြည့်ကာ စမ်းသပ်လေတော့သည်။ထို့နောက် ထိုင်ခုံပေါ်တွင် ထိုင်နေကြသည့် သူတို့ဆီသို့ ပြန်ရောက်လာလေသည်။
"ခဏလေးစောင့်ပေးကြနော် ဆယ်မိနစ်လောက်ဆိုရပြီ" ဟူဆိုကာ အထဲမှ လိုအပ်သည့် ကားပစ္စည်းများယူရန် အိမ်ငယ်ထဲသို့ ဝင်သွားလေသည်။ ထိုဝပ်ရှော့ဆရာ ပစ္စည်းများယူပြီး ကားလေးဆီသို့ လှမ်းရန် ခြေလှမ်းပြင်နေစဉ်
"အစ်ကို အစ်ကို ဒီနားမှာ ထမင်းရောင်းတဲ့ဆိုင်ဘာညာမရှိဘူးလား "
"ဒီနားတော့မရှိဘူးကွ ဟိုး အရှေ့နားလောက်မှာတော့ရှိတယ် နည်းနည်းတော့လှမ်းတယ် ညီလေး"
"ဟုတ် ဟုတ်ကဲ့"
စိတ်ပျက်သည့်ဟန်ဖြင့် ထိုင်ခုံပေါ်တွင် ထိုင်နေသော ကောင်လေးအား ကြည့်ကာ မြတ်မင်းထင် စိတ်မကောင်းလှပေ။ တကယ်ဆို သူတစ်ယောက်တည်း တွန်းလာသင့်တယ် မဟုတ်လား။ထမင်းစားဖို့ ခေါ်တုန်းက မလိုက်ခဲ့။ယခုတော့ ဗိုက်ဆာနေပြီထင်သည်။
"ဟိတ်လူ "
"ဟင် အင်း ဘာလဲ"
ခိုးကြည့်မိသည့်ခဏ လူမိသွားသောကြောင့် စကားများပါ အထစ်ထစ် အငေါ့ငေါ့ဖြစ်ရလေသည်။"ကျွန်တော် ခဗျား ထမင်းဘူးလေး ဝယ်ချင်လို့"
ဖြစ်ရမယ်။ ထမင်းစားကြဖို့ ခေါ်သည်အခါတုန်းက မကြားချင်ယောင်ဆောင်ကာ ထမင်းစားဖို့ပင် ခေါ်မရ။ ဤထမင်းဘူးသည် သူ့အတွက်ရည်ရွယ်ကာ ဝယ်လာသည့် ထမင်းဘူးလည်းဖြစ်သည်။ထို့ကြောင့် သူမတောင်းဆိုခင်ကတည်းက ပေးဖို့ ရည်ရွယ်ပြီးသားဖြစ်လေသည်။ထမင်းဘူးတောင်းတာကို ရိုးရိုးမတောင်း။ ဝယ်ချင်လို့တဲ့။
မင်းနဲ့တော့ ခက်တယ် ညီရာ။"အင်း"
မြတ်မင်းထင် အလျင်စလိုပင် ခေါင်းညိတ်ရင်း အဖြေပေးလိုက်လေသည်။သူကိုယ်တိုင်က မတောင်းခင်ကတည်းက ပေးချင်နေမိသူလေ။
မဆွတ်ခင် ညွတ်ချင်နေတယ်ဆိုတာ ဒါမျိုးလား။
YOU ARE READING
ဟိုဘက်အိမ်ကကောင်လေး
Romanceသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။