Part-38(U+Z)

230 13 2
                                    

တစ်နေ့မှာ ဒီလိုအခြေအနေရောက်လာလိမ့်မည်ဟု မှန်းဆထားပေမယ့်လည်း ဒီလောက်ကြီး မြန်ဆန်လိမ့်မည်ဟု မထင်ခဲ့မိ။သားပေါက်ဖေဖေ ညက ဆုံးသွားပြီတဲ့။ ကြားကြားချင်း ဟန်ထွန်းဦး ရှော့ခ်ရသွားခဲ့သည်မှာ အမှန်ပင်။ လက်ထဲမှာ ကိုင်ထားသည့် ဖုန်းကိုပင် လက်ကမချဖြစ်သေးဘဲ ယောင်ယမ်းကာ နားမှာ ကပ်ထားမိဆဲ။အသက်အရွယ်အားဖြင့် ကိုယ်နှင့်သိပ်မကွာလှတာကြောင့် ရင်ထဲတော့မကောင်းလှ။ လူတိုင်းအတွက် မနက်ဖြန်ဆိုတာ ရှိပေမယ့်၊ မနက်ဖြန်တိုင်းမှာတော့ လူတိုင်းဟာ ရှိချင်မှ ရှိနေကြပါလိမ့်ဆိုတဲ့ စကားဟာသိပ်မှန်ပါလားနော်။

"ညီ ဘာတဲ့လဲ"

အနားမှာ ထိုင်နေသည့် ကိုကို့က သူ့မျက်နှာရိပ်ကို ကြည့်ကာ စိုးရိမ်စိတ်စွာ ကြီးစွာမေးလေသည်။

"သားပေါက် ဖေဖေဆုံးပြီတဲ့ ကိုကို"

ညက ခေါ်ထားခဲ့သည့် ဖုန်းကောလ်များကို လျစ်လျူရှုခဲ့မိသလို ဖြစ်ခဲ့ကြတာမို့ နှစ်ယောက်လုံး စိတ်မလုံသလို ခံစားနေမိသည်။ကိုကိုက သူ့စကားကြားကြားချင်း သက်ပြင်းမောတစ်ခုကို ခပ်မြန်မြန်ချသည်။ ပြီးမှ

"အင်းလေ ဘယ်တတ်နိုင်ပါ့မလဲ။ လူတိုင်းဟာ တစ်နေ့ကြ ဒီလမ်းကို သွားကြရမှာပဲ။ အနှေးနဲ့အမြန်ပဲ ကွာကြတာ။
ညီ ဘယ်လိုလုပ်ချင်လဲ။ ကိုယ် ဘာလုပ်ပေးရမလဲ"

ဒီအချိန်မှာ သူ့အတွက် ရွေးချယ်စရာလမ်းဟာ ထိုအိမ်ကို ပြန်သွားဖို့ပဲဖြစ်ပါသည်။ ကိုကိုနှင့်တော့ ခဏတာ ပြန်ခွဲခွါရလိမ့်ဦးမည်။ချစ်စိတ်အရှိန်မပြယ်သေးသည့် ကိုကိုနှင့် ခဏတာ ထပ်ခွဲခွါရလိမ့်ဦးမည်ဟူသည့် အတွေးကြောင့် စိတ်က မသက်သာလှ။

"ကိုကို"

"ပြောလေ ညီ။ ကိုယ်နားထောင်နေတယ်"

"ကျွန်တော် အဲ့ဒီအိမ်ကို ခုချိန်မှ သွားရင်ကောင်းပါ့မလား"

"သွားရမှာပေါ့ ကလေးရယ်။ အန်တီသင်းမျက်နှာက ရှိသေးတယ်လေ။ ရုံးကိုတော့ ကိုယ်ပဲအကျိုးအကြောင်းပြောပြီး  ခွင့်တင်ထားလိုက်မယ်။ဘာမှနောက်ဆံမတင်းဘဲသွားစရာရှိတာကိုသာ ဖြောင့်ဖြောင့်သွားပါ။"

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now