Part-34(U+Z)

347 17 8
                                    

ဖုန်းဆက်ကာ ပြောထားခဲ့သည့်အတိုင်းပင် ရုံးပိတ်ရက် တနင်္ဂနွေနေ့တစ်နေ့တွင် အန်တီသင်းတို့ သားအမိ အိမ်သို့ ရောက်လာခဲ့ကြပါသည်။ သားပေါက်ကတော့ အိမ်မှာရှိမနေပါ။ မနက်ကတည်းက ကိုကိုတို့အိမ်ဘက် ရောက်နေခဲ့တာဖြစ်သည်။

"ဒီမှာ သားတို့စားဖို့ အသီးအနှံလေးတွေ ဝယ်လာခဲ့တယ်"

အန်တီသင်းက လက်ထဲမှ အထုပ်များအား စားပွဲပေါ်သို့ ချရင်းပြောလေသည်။ အန်တီသင်းနံဘေးတွင်တော့ ကိုဖြိုးဝေအောင်ပါသည်။ ပြီးခဲ့သည့် ကိစ္စတွေကို သူ့ခေါင်းထဲထုတ်ထားခဲ့ပြီးပြီမီမို့ ထိုလူကိုတော့ လျစ်လျူရှုထားလိုက်ရုံသာ။ ဒီလူနဲ့ ဟန်ထွန်းဦးကြားမှာ ပတ်သတ်စရာ ဘာကိစ္စမှ မရှိဘူးလေ။

"သားတို့ ဘာကြိုက်မှန်းသေချာမသိလို့ သင့်တော်မယ် ထင်တာလေးတွေပဲ ဝယ်ခဲ့လိုက်ရတယ်"

"အားနာစရာ အန်တီရယ်။ဘာလို့ ဝယ်လာနေရတာလဲ"

"သားတို့တူဝရီးကို စားစေချင်လို့ပါ။ အဲ့ထဲမှာ ပဲခူးက အန်တီ့မိတ်ဆွေပို့ပေးလိုက်တဲ့ မုန့်တွေ၊ ငါးချဉ်တွေလည်း ပါတယ်"

"ဒုက္ခရှာလို့ အန်တီရယ်။တကူးတကကြီး ယူလာစရာမလိုပါဘူး"

"အိုကွယ် ဘာအားနာစရာလိုလို့လဲ အမျိုးတွေပဲ ဖြစ်နေပြီ။သူစိမ်းမဆန်ပါနဲ့ သားရယ်။ အန်တီတို့က စားစေချင်လို့ ယူလာတာ လက်ခံပါကွယ်"

"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်အန်တီ။"

"ဒါလေးတွေ သိမ်းလိုက်ပါကွယ်။ သက်သက်ဆီ ခွဲထားလို့ရအောင်လို့"

"ဟုတ်ကဲ့ အန်တီ ခဏထိုင်ပါဦးနော်"

"အေးပါကွယ် အေးပါ"

ဟန်ထွန်းဦး စားပွဲပေါ်မှ အထုပ်များအား မီးဖိုထဲသို့ ယူလာခဲ့သည်။ အသီးအနှံနှင့် အစားအစာအား သက်သက်စီခွဲထားပေးဖို့တော့ ဒေါ်ညိုကိုပဲ ကူခိုင်းရပါသည်။

"ငယ်‌ေလး ဧည့်သည်တွေအတွက် ဒေါ်ညို ဘာလုပ်ပေးရဦးမလဲ"

"နေနေ ဒေါ်ညို အဲ့ဒါပဲလုပ်ထားလိုက်။ ကျွန်တော် ကော်ဖီဖျော်ပြီး ယူသွားလိုက်မယ်"

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now