မနက်ကတည်းက ဂျီကျနေသော သားပေါက်ကြောင့် ဟန်ထွန်းဦး စိတ်ဆိုးကာ တစ်ချက်နှစ်ချက်ရိုက်ခဲ့မိသည်။
ဟိုဘက်အိမ်မှ လူယုတ်မာကို မူကြိုလိုက်ပို့ပေးစေချင်သတဲ့လေ။တစ်မနက်လုံးဂျီကျနေခဲ့ခြင်းဖြစ်သည်။သူ ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ပြောကြည့်သော်လည်းမရပေ။နောက်ဆုံး သူကပဲ အလျော့ပေးကာ ထိုလူနှင့် မူကြိုသွားခွင့်ပေးလိုက်ရလေသည်။တကယ်ဆို ဒီလို တာဝန်ယူချင်စိတ်မရှိတဲ့လူမျိုးနှင့် သားပေါက်ကို သံယောဇဉ်မတွယ်စေချင်ပါ။သားပေါက်လေး မကောင်းတဲ့ အကျင့်တွေ ကူးစက်မှာသူစိုးရိမ်သည်။ မုဆိုးနားနီးမုဆိုး၊ တံငါနားနီး တံငါဆိုသည့် စကားပုံတောင် ရှိသေးတာပဲမဟုတ်လား။
"ဟဲ့ ဘာတွေ ငိုင်နေတာလဲ ရည်းစားပူမိနေတာလား"
"ဟာ ငါက ရည်းစားရှိရမှာလား Singleလေးဟဲ့"
"ဒါဆို ဘာကိတ်"
"ဘာမှမဟုတ်ပါဘူး ဒီလိုပါပဲ"
"ဟဲ့ကောင် ဟန်ဦး နင်သူများသာ ညာချင်ညာလို့ရမယ် ငါ့ကိုညာလို့မရဘူး ပြောစမ်း ဘာဖြစ်နေတာလဲ"
အလုပ် ခဏနားနေချိန်တွင် မှိုင်ေတွေတွဖြင့် ထိုင်နေသော ဟန်ထွန်းဦးအားကြည့်ကာ မေဝင့်ထည် စိတ်မသက်သာလှ၍ မေးရခြင်းဖြစ်သည်။
"ဘာမှမဖြစ်ပါဘူးဆိုဟာ "
"နင်ကလဲလေ ကပ်စေးကိုနှဲတယ် စကားလေးပြောရမှာကို မပြောချင်ဘူး ငါ့ကိုမှ
မပြောနင်ဘယ်သူ့ကို သွားပြောမလဲ ပြော"မေဝင့်ထည် ပြောသည်မှာလည်း မှန်လေသည်။ဟန်ထွန်းဦးတွင် ရင်ဖွင့်တိုင်ပင်စရာလူဟူ၍ မေဝင့်ထည်မှလွဲ၍ တစ်ခြားတစ်ယောက် ရှိမနေပေ။
"ငါထင်တာ မမှားရင် နင်ခုညစ်နေတဲ့ ကိစ္စက သားပေါက်နဲ့ ကိုမြတ်ထင်ကြောင့်
မလား"ဟန်ထွန်းဦး ပြောသင့်မပြောသင့် စဉ်းစားတွေဝေနေဆဲမှာပင် မေဝင့်ထည်ပြောလာသည့် စကားကြောင့် ဟန်ထွန်းဦး အံ့ဩသွားရသည်။ဒီအကြောင်းတွေကို သူမသိနေခဲ့တာလား။
နင် သိနေခဲ့တာလား ဝင့်ရယ်။
ဟန်ထွန်းဦး အသာအယာပင် ခေါင်းညိတ်ပြလိုက်လေသည်။
YOU ARE READING
ဟိုဘက်အိမ်ကကောင်လေး
Romanceသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။