ဥဩဆွဲသံ အရှည်ကြီး ကြားရပြီေနာက် ဟန်ထွန်းဦးတို့ တူဝရီးနှစ်ယောက် လိုက်ပါလာသော ရထားသည် တငြိမ့်ငြိမ့်လှုပ်ရင်း ဘူတာရုံရှေ့အရောက်တွင် ရပ်သွားလေသည်။ဘူတာရောက်သည်နှင့် ပါလာသည့် အဝတ်အစားထုတ်များချကာ လူအများကြားတိုးဝှေ့ရင်း တူဝရီးနှစ်ယောက် ရထားပေါ်မှ ဆင်းလိုက်လေသည်။ယူလာသည့် အထုပ်သိပ်မများသောကြောင့် လူရှုပ်ထွေးလှသည့် ရထားဘူတာရုံတွင် သိပ်စိတ်မရှုပ်ရေတာ့ပေ။တကယ်ဆို လူအလွန်ရှုပ်လှသည့် ရထားနှင့်မသွားချင်ပါ။သို့သော် ကားခထက် ရထားခမှာ သက်သာသောကြောင့် ရထားစီးရန်ရွေးချယ်လိုက်ရခြင်းဖြစ်သည်။
ဘူတာရုံရှေ့ရှိ စင်္ကြံပေါ်တွင် အထုပ်ကလေးများအား ချကာ သူငယ်ချင်းဖြစ်သူအား ကျီးကန်းတောင်မှောက်ဝေ့ဝဲကာ ရှာကြည့်ရလေသည်။ အရောင်အသွေးစုံလင်လှသည့် လူများအကြား ကိုယ်ရှာချင်သည့် လူတစ်ယောက်ကို ရှာရသည့် အလုပ်သည် အင်မတန်ခက်ခဲလှသည့် အလုပ်ဖြစ်သည်။
"ဟန်ဦးရေ ငါ ဒီမှာ"
လူကြားထဲမှ လက်ကလေးပြကာ အော်ခေါ်သည့် မေဝင့်ထည်အားမြင်မှ ဟန်ထွန်းဦး ရင်ထဲမှ အပူအလုံးကြီးကျသွားရလေ သည်။စောစောကြိုရောက်နေသည့် သူငယ်ချင်းဖြစ်သူအား ကျေးဇူးတင်ရေပမည်။နို့မို့ဆို ဘယ်အချိန်ထိစောင့်နေရဦးမည် မသိပေ။စောင့်ဆိုင်းရသည့်အလုပ်ကိုေတာ့ ဟန်ထွန်းဦး သည်းမခံနိုင်ဆုံးဖြစ်သည်။
စင်္ကြံပေါ်တွင်ချထားသော အထုပ်များအား လက်နှစ်ဖက်တွင်ဆွဲကာ သားပေါက်အား တွဲကာ လူကြားထဲတိုးဝင်လိုက်ရသည်။ပြီးနောက် လက်ကလေးပြကာ ရပ်စောင့်နေသော သူငယ်ချင်းမေဝင့်ထည်ဆီသို့ အရောက်သွားရလေသည်။
"ငါ့ကိုအထုပ်ပေး ဟိုရှေ့မှာ ငါ့Taxiစောင့်ခိုင်းထားတယ်။ ငါ့ကားကေတာ့ပြင်ဆိုင်ရောက်နေလို့ ညနေမှရမှာ... ငါ့ကိုအထုပ်ေတွပေး"
"နေနေ ငါ့ဘာသာပဲဆွဲမယ်။ နင်က ငါ့တူ သားပေါက်ကိုပဲ ခေါ်"
ချစ်၍ပင်မဝသည့် တူတော်မောင်အား ရှုပ်ထွေးလှသည့် လူအုပ်ကြားတွင် ပျောက်၍သွားမည်ကို စိုးရိမ်လှသည်။ထို့ကြောင့် သားပေါက်အား မေဝင့်ထည်နှင့်အတူ လိုက်ခိုင်းလိုက်လေသည်။မေဝင့်ထည်သည် သူ့ပုံစံကို ကြည့်ကာ မျက်နှာပိုးသတ်မရကာ ပြုံးစိစိဖြစ်နေသည်။
YOU ARE READING
ဟိုဘက်အိမ်ကကောင်လေး
Romanceသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။