108 (part 1)

10.6K 388 36
                                    

Unicode
ကူလင်းစားသောက်ဆိုင်ကိုချုးလျန်ကိုယ်တိုင်ရေးဆွဲထားသောအစီအစဉ်သစ်များနဲ့ပြန်လည်ပြုပြင်လိုက်တယ်။

မွမ်းမံပြင်ဆင်ပြီးနောက် မန်နေဂျာကျင်းကိုခေါ်ကာဆိုင်ရဲ့ဘေးတစ်ဖက်စီမှာ လူနေအိမ်နှစ်လူံးဝယ်ယူဖို့ညွှန်ကြားလိုက်တယ်။

ကူလင်းစားသောက်ဆိုင်ရဲ့အဝင်မှာ နဂိုအတိုင်းမပြောင်းမလဲတည်ရှိနေသော်လည်းအတွင်းပိုင်းမှာမူလုံးဝကွာခြားသွားပြီဖြစ်တယ်။

အနောက်ဖက်ပိုင်းကိုဟောခန်းကျယ်နှစ်ခုအဖြစ်‌ေနောက်ဖက်ပိုင်းကိုဟောခန်းကျယ်နှစ်ခုအဖြစ်ပြောင်းလဲပီး လှပတဲ့တောင်ပုံသဏ္ဍာန်နဲ့ ရှည်လျားတဲ့စကြင်္ံများနဲ့ဖွဲ့စည်းထားတယ်။

ဆိုင်သည်မြို့တော်မှာရှိသောအဆင်မြင့်အိမ်ရာများနဲ့မယှဉ်နိုင်သော်လည်း ကျန်းနန်၏ရေပေါ်ဒေသကဲ့သို့သန့်ရှင်းသိမ်မွေ့သောလေထုတို့ဖြင့်ဖုံးလွှမ်းထားလေတယ်။

မူလရင်ပြင်နှစ်ခုကိုစားသောက်ရာအခန်းငယ်လေးများအဖြစ်ပြောင်းလဲတည်ဆောက်လိုက်တယ်။

အခန်းတစ်ခုစီတွင်သက်ဆိုင်ရာပရိဘောဂများဖြင့် ဆင်ယင်ထားတယ်။

အချို့မှာရိုးရှင်းပြီး ရှေးဆန်တယ်၊အချို့မှာမူရှင်းလင်းပြီးခံ့ညားလှပသည်၊အချို့အခန်းများကိုတော့ခေတ်သစ်ဂျပန်စားသောက်ဆိုင်များ၏ပုံစံတူကိုမှီငြမ်းဖွဲ့စည်းထားတယ်။

အခန်းတစ်ခုစီတစ်ခုစီတိုင်ကိုယ်ပိုင်ပြိုင်ဘက်ကင်းအလှအပများဖြင့်ဖွဲ့စည်းပုံဖော်ထားတယ်။

လာရောက်စားသုံးသူများအဆင်ပြေစေရန်အတွက်အတွင်းပိုင်းနေရာများကိုအမျိုးသမီးများအတွက်ထားရှိပြီးအပြင်ဘက်ပိုင်းကိုမူ အမျိုးသားများအတွက် ဝန်ဆောင်အသုံးပြုထားတယ်။

စနစ်တကျဖွဲ့စည်းထားသောအခန်းငယ်လေးများကိုမူကား အဆင့်မြင့်ဧည့်သည်များအတွက်ရည်ရွယ်တည်ဆောက်ထားလေတယ်။

ပုံမှန်စားသောက်ရန်လာသောဧည့်သည်များကိုကား ပင်မခန်းမကျယ်နှင့်ဒုတိယထပ်တွင်နေရာချထားပေးတယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now