108 (part 2)

2K 294 5
                                    

Unicode
"အမျိုးသားဧည့်သည်တွေရော အဆင်ပြေကြရဲ့လား"
ချူးလျန်ရဲ့မေးခွန်းကိုကြားလိုက်တော့ မန်နေဂျာကျင်းကပြုံးပြီးဖြေလိုက်တယ်။

"ဆက်ခံသူကျန်းလည်းရောက်ရှိနေပါပြီ သူကအခြားဧည့်သည်တေကိုပါသူနဲ့အတူခေါ်လာပါသေးတယ် မြို့စားအိူကျန်းပါရောက်နေပါပြီ"
ချူးလျန်မျက်ခုံးများပင်မြင့်တက်သွားလေတယ်။

ဆက်ခံသူကျန်းကို ဖိတ်စာနှစ်စောင်ပေးလိုက်တာမှန်ပေမယ့် တစ်စောင်ကိုမြို့စားအိုကျန်းကိုပေးလိမ့်မယ်လို့ သူမတကယ်မထင်ထားခဲ့ဘူး။

ချူးလျန်ရဲ့မျက်နှာအမူရာ အနည်းငယ်ပြောင်းလဲသွားတာကိုမြင်တော့ မန်နေဂျာကျင်းကထပ်ပြောလိုက်တယ်"မိန်းကလေးမင်ယန်ပါ မြို့စားကျန်းနဲ့အတူပါလာပါတယ်"
ချူးလျန် မန်နေဂျာကျင်းကိုဖျက်ခနဲ့ပြန်ကြည့်ပြီး ဘာမှဆက်မပြောတော့ဘူး။

တအောင့်ကြာမှ သူမ‌စပြောလာတယ်"အခြေနေကိုစောင့်ကြည့်ထားဖို့လူတ‌စ်ယောက်လွှတ်ထားလိုက် ၊ကံစမ်းမဲပေါက်တဲ့ဧည့်သည်တေကိုလည်း သေချာဧည့်ခံလိုက်ဦး,ငါတို့ဒီနေ့ဘာအမှားယွင်းမှလုပ်လို့မဖြစ်ဘူး"

"တတိယသခင်မလေး စိတ်ချနေပါ,ဒီလက်အောက်ငယ်သားက အခြေနေတေအားလုံးကိုစောင့်ကြည့်ထားဖို့ လူတေ‌နေရာချထားပြီးသားပါ"
မန်နေဂျာကျင်းကိုပြည့်ပြည့်စုံစုံညွှန်ကြားပီးမှဘဲ ‌ဝမ်ကျင်းနဲ့ဝမ်လန်ကိုခေါ်ကာ မင်းသမီးတွမ့်ကျားနဲ့ သခင်မယန်တို့ဆီ သွားရောက်နှုတ်ဆက်တော့တယ်။

တချိန်တည်းမှာဘဲ အနောက်ဖက်ဈေးလမ်းကြားထဲကို ရထားလုံးနှစ်စီးဝင်ရောက်လို့လာတယ်။

ရထားလူံးများမှာအဝေးကနေကြည့်လိုက်ရင်ကို ဈေးကြီးမှန်းသိသာ‌လွန်းသဖြင့် သာမန်လူများပင်ငေး‌ကြည့်နေရတယ်။

မသိနားမလည်သောအချို့ကလေးများကား ရထားလုံးဘေးတလျှောက်ပြေးလိုက်ကာ ဆော့ကစားလာကြတယ်၊ ရထားလုံးပေါ်ရှိမောင်းနှင်သူလူကြီးနှစ်ဦးမှ ဆူပူကြိမ်းမောင်းအော်ဟစ်လိုက်သောအခါမှကြောက်လန့်တကြား ပြန်ပြေးကြတော့တယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now