112(part 1)

1.2K 276 14
                                    

Unicode

ဘာလဲ? တတိယသခင်မလေးက သူမကို ကျန်းအိမ်တော်ကို ပြန်သွားစေချင်တာလား?

မင်ယန်မှာ မယုံမကြည်နဲ့ မျက်လုံးတွေတောင်ပြူးသွားတယ်။

စွန့်ခွာဖို့ ကြိုးစားတာနဲ့ စွန့်ပစ်ခံလိုက်ရတာက လုံးဝကို ကွဲပြား ခြားနားတယ်လေ။

မြို့စားအိုကျန်းကလည်း ဝေခွဲမရဖြစ်နေတဲ့ အမူအရာနဲ့ ချူးလျန်ကို စိုက်ကြည့်နေမိတယ်။

သူက နိုင်ငံရေးလောကမှာ နှစ်တွေအများကြီး ကျင်လည်ခဲ့သူဖြစ်လို့ ချူးလျန်ရဲ့ ဒီအမူအရာတွေနောက်က အကြောင်းပြချက်ကို ကောင်းကောင်းကြီး မြင်နိုင်တာပေါ့။ သူစိုက်ကြည့်တာကိုခံရတော့ ချူးလျန်က နည်းနည်းတော့ ကို့ရို့ကားယားနဲ့ ရှက်ရွံ့သွားလိမ့်မယ်လိူ့ ထင်ထားခဲ့တာ။ မမျှော်လင့်ဘဲနဲ့ သူမမျက်နှာမှာ ရှက်ရွံ့မှုလေး အနည်းငယ်တောင် မသန်းလာခဲ့ဘူး။ သူမမျက်လုံးတွေက အရင်အတိုင်းတောက်ပကြည်လင်‌နေတုန်းဘဲ ရယ်မြူးစိတ်လေး အနည်းငယ်တောင် မြင်နေရသေးတယ်။ သူတို့အကြည့်ချင်းဆုံသွားတော့ ပထမဆုံး မသက်မသာဖြစ်သွားရတာက သူကိုယ်တိုင်ဘဲ။

ခဏလောက်တိတ်သွားပြီးတော့ မြို့စားအိုကျန်းက ကျယ်ကျယ်လောင်လောင်ဘဲ အော်ရယ်လိုက်တယ်
"ကောင်းပြီ၊ ဒါက ကျင်းယီရဲ့ လေးစားမှူဆိုတော့ ဒီလူအိုကြီးက လက်ခံပေးရမာပေါ့"

ချူးလျန်ကလည်း ပြန်ပြောလိုက်တယ်" မင်ယန်ကသာ မြို့စားကြီးကို ဂရုစိုက်ခွင့်ရတာ ကံထူးတာပါ"

"ကောင်းပြီ ၊ကလေးမ အဲ့လိုအာလာပသလ္လာပတေမပြောနေနဲ့တော့၊ သူမသာ ငါ့ကိုရိုးရိုးသားသားနဲ့ ခစားမယ်ဆိုရင် ငါကလည်း မမျှမတ ဆက်ဆံမှာ မဟုတ်ပါဘူး။ အခုတော့ ကျင်းယီ ငါ့အတွက် မင်းစားသောက်ဆိုင်က အခန်းတစ်ခန်း ချန်ထားပေးမယ်မလား"

ချူးလျန်က ပြုံးပြီး ခေါင်းညိမ့် သဘောတူပေးလိုက်တယ်။

မှူးမတ်ငယ်ဝေ့ယွမ်ကလည်း အခန်းတွေအကြောင်းကိုချူးလျန်ကိုမေးကြည့်‌ချင်နေရှာတာ။ ဒါပေမယ့် မြို့စားအိုကျန်းနဲ့ တစ်စားပွဲတည်း အတူထိုင်နေရတော့ ဘာ စကားမှ စမပြောရဲရှာဘူး။ဒါနဲ့ သူရဲ့ နားဖျားလေးကိုဘဲ ဆက်တိုက်ကုတ်နေမိတော့တယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now