111(part 2)

1.1K 285 6
                                    

Unicode

အမှန် တကယ်မှာတော့ မင်ယန်က ဟင်းပွဲ နှစ်ဆယ်ကျော်လေးဘဲ သင်ကြားခဲ့ဖူးတာ။ ချူးလျန်လို အခြားတဖက်က လာတဲ့ စာဖိုမှူးတစ်ယောက်အတွက်တော့ ဒါတွေက သမုဒ္ဒရာထဲက ရေတစ်စက်လေးသာသာဘဲရှိတယ်။

မင်ယန်ကိုယ်တိုင်ကသာ သူမက တတိယသခင်မလေးအိမ်က လက်ဆင့်ကမ်းခဲ့တဲ့ လျှို့ဝှက်ဟင်းချက်နည်း‌တွေ အကုန် တတ်မြောက်နေပြီလို့ ထင်နေတာလေ။

အခုဒီအဖြစ်အပျက်ကို ကြည့်လိုက်ရင် ကူလင်းစားသောက်ဆိုင်ရဲ့ ဟင်းလျာတွေက မြို့စားအိုကျန်းရဲ့ အာရုံစိုက်မှုကို သိသိသာသာကြီးကို ခိုးယူသွားပြီ။

ဒါဆို သူမက ဘယ်လိုလုပ်ပြီး မြို့စားအိုကျန်းရဲ့ ကျန်းအိမ်တော်မှာ ခြေကုပ်ယူပြီးနေလို့ရတော့မှာလဲ။

တွေးရင်းတွေးရင်းနဲ့ဘဲ သူမရဲ့ စိတ်ခံစားချက်က ပိုမိုဆိုးဝါးလာတယ်။သူမတကယ်ကို မကျေနပ်ဘူး။ ချူးလျန်ဘေးကနေ ထွက်ခွာဖို့ သူမခြေလှမ်းစခဲ့ပြီးပြီ။ သေချာပေါက်ကို ပြန်မသွားချင်တော့ဘူး။

ဒါနဲ့ ဧည့်ခန်းမအပြင်စင်္ကြံဘက်မှာ ခေါက်တုံခေါက်ပြန်လျှောက်နေမိတယ်၊ လက်ထဲက လက်ကိုင်ပဝါလေးမှာလည်းကြေမွလို့နေပြီ။ နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ချပြီး ဝင်းအပြင်ကိုပြေးထွက်သွားမိတယ်။

မသွားခင်လည်း စားဖိုဆောင်ရဲ့ တည်နေရာကို အမျိုးသားအစေခံကို မေးခဲ့သေးတယ်။ ဒါပေမယ့် သူမ မဝင်နိုင်ခင်မှာဘဲ အရပ်ရှည်ရှည်နဲ့စားဖိုဆောင် အစောင့်တစ်ဦးက သူမကို တားဆီးလိုက်တယ်။
"မိန်းကလေး ၊ကူလင်းစားသောက်ဆိုင်ရဲ့ စားဖိုဆောင်ကို လူစိမ်းတွေကို ဝင်ခွင့်မပြုဘူး"

မင်ယန်မှာ ခေါင်းငုံ့ထားပြီး မသိမသာကြည့်ရင် တုန်ယင်နေတယ်။ ဒါပေမယ့် ခဏကြာတော့ စိတ်ကို တင်းပြီး ခေါင်းပြန်မော့လိုက်တယ်။ ပြီးတော့ အလေးအနက်ပုံစံနဲ့ပြောတယ်"ငါက တတိယသခင်မလေးရဲ့ အစေခံဘဲ ၊အခုငါက သူမရဲ့အမိန့်အရ လိုအပ်တာလေးတွေအချို့ လာယူတာ၊ နင်က ဘယ်လိုတောင် တားဆီးရဲတာလဲ"

အစောင့်မှာ ခဏလောက်အေးခဲသွားတယ်။ မင်ယန်ရဲ့နောက်က ရင်းနှီးနေတဲ့ အသံကိုမကြားရခင်အထိ ဘာလုပ်ရမှန်းမသိဖြစ်နေမိတာ။
"အားကျုံး ၊အထဲသွားပြီး ကူပေးလိုက်၊ ဒါကိုငါနဲ့ ထားခဲ့"

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now