127(part 1)

1.1K 302 12
                                    

Unicode

ဒီတကြိမ်မှာ ချူးလျန်နဲ့ အတူ ကိုယ်ပိုင်တပ်သား 15ယောက်ကျော်ပါလာတယ်၊ အစောင့်အကြပ်တွေနဲ့ အခြားသူတွေကိုပါ ထပ်ပေါင်းလိုက်ရင် လူက 30ကျော်တောင်ရှိတယ်။

မိုချန်ကွေ့က စစ်သားဟောင်းတစ်ဦးဖြစ်တယ်၊ သူပုံစံက စစ်မြေပြင်မှာလို ခက်ထန်တဲ့ အရှိန်အဝါတွေ အပြည့်နဲ့ ဆိုတော့ ချဉ်းကပ်ဖို့ မလွယ်ကူလှဘူး၊ မင်းသားကျင်းရဲ့ တပ်သားဖြစ်တဲ့ ထန်းယန်နဲ့ ရင်ဆိုင်တွေ့နေရတာတောင်မှ တည်တည်ကြည်ကြည်နဲ့ မယိမ်းမယိုင်ဘဲ၊ ပြီးတော့ သူ့မျက်နှာ ဘယ်ဘက်အခြမ်းက အမာရွတ်ကြီးနဲ့ ပုံစံကိုပါ ထပ်ပေါင်းလိုက်တော့ သူ့ကို ကြည့်ရတာ အေးစက်ပြီး ကြောက်မယ်ဖွယ်ကောင်းနေတော့ ဘယ်သူမှ အနားမကပ်ရဲကြဘူး။

မြောက်ပိုင်းကို ဦးတည်နေကြတဲ့ အဖွဲ့မှာ အမျိုးသားတွေအားလူံးက မြင်းကို စီးနင်းကြတယ်၊ ချူးလျန်နဲ့ သူမရဲ့ အစေခံလေး နှစ်ဦးဖြစ်တဲ့ ဝမ်ချင်းနဲ့ ဝမ်လန်တို့ဘဲ လှည်းထဲမှာ ထိုင်ပြီးလိုက်ပါကြတယ်။

မြင်းစီးရာမှာ မကျွမ်းကျင်တဲ့ မန်နေဂျာကျင်းကတော့ လှည်း‌မောင်းသမားရဲ့ ဘေးကပ်ရပ်မှာ ထိုင်ပြီး လိုက်ပါလာတယ်။

မြောက်ပိုင်းဆီကို တဖြည်းဖြည်း ဦးတည်လာလေလေ အအေးဓာတ်က ပိုတိုးလာလေလေဘဲ။

ချူးလျန်က အပေါ်ကနေ မြေခွေးသားမွှေးဝတ်ရုံကို ထပ်ပြီး ဝတ်ဆင်ထားတယ်၊ လက်မောင်းကြားထဲမှာလည်း ရေနွေးဘူးလေးကို ပိုက်ထားတယ်၊ ဒါတောင်မှ သူမ တကိုယ်လူံးအေးစက်နေတုန်းဘဲ။

မြောက်ပိုင်းခရီးမစခင် လဝက်လောက်အလိုကတည်းက လေ့ကျင့်ခန်းတွေ စလူပ်ခဲ့လို့သာတော်ပါသေးတယ်၊ မဟုတ်ရင်တော့ မြောက်ပိုင်းမရောက်ခင် လမ်းခရီးမှာတင် ဖျားနာပြီး သေသွားနိုင်တယ်။

ခရီးလမ်းက မချောမွေ့တော့ မြင်းလှည်းက ဟိူယိမ်းဒီယိမ်း ဖြစ်လို့နေတယ်၊ဒါနဲ့ ချူးလျန်က စာအုပ်ဆက်ဖတ်လို့မရတော့ နိုးနိုးကြားကြားဖြစ်အောင် ဝမ်ချင်းနဲ့ ဝမ်လန်နဲ့အတူ မာထျောင့် လို့ခေါ်တဲ့ ကတ်ဂိမ်းကစားဖို့လုပ်တော့တာဘဲ။

Transmigrator meets reincarnator (mmtranslation)Donde viven las historias. Descúbrelo ahora