152

1.6K 245 7
                                    

Unicode

ဝမ်လန်မှာ တဲရဲ့လိုက်ကာစကို ပြန်ချလိုက်ချင်းမှာဘဲ တခစ်ခစ်နဲ့ မရယ်ဘဲ မနေနိုင်တော့ဘူး၊ဝမ်ချင်းက သူမကို အလန့်တကြားလှမ်းကြည့်လို့လာတယ်။

ဝမ်လန်က ချူးလျန်ဆီကို အပြေးသွှားပြီးတိုးတိုးလေးကပ်ပြောလာတယ် " တတိယသခင်မလေး ၊ ဒီခံစားချက်က အရမ်းကောင်းတာဘဲ "

ဝမ်ချင်းကလည်း သူမ သခင်မလေးအတွက် ဂုဏ်ယူနေမိတယ်၊ သူမ သခင်မလေးဆိုတာက တခြားတယောက်ယောက်ဆီမှာ အနိုင်ကျင့်ခံရမှာမျိုးကို ခွင့်ပြုထားမယ့်သူမဟုတ်မှန်းသေချာကိုသိတာပေါ့၊ တယောက်ယောက်က သူမကို တိုက်ခိုက်လာပြီဆိုရင် ချူးလျန်က မျက်လုံးတစ်လုံးအတွက် တလူံး ပြန်ပေးဆပ်ရအောင်လုပ်လိမ့်မယ်၊ အပြင်ပုံက သူမကို စော်ကားနေတာကို ဂရုမစိုက်တဲ့ ပုံပေါ်နေပေမယ့် ဒါကို ဒီအတိုင်းကျော်သွားခွင့်ပေးမှာမျိုးလည်း မဟုတ်ဘူး၊ ချူးလျန်ရဲ့ ပုံစံက မကျေနပ်မှုတွေကို ဖူံးကွယ်ထားတတ်တဲ့ ပုံစံဆိုတော့ ဘယ်လောက်ဘဲဒေါသထွက်နေပါစေ အပြင်ဘက်မှာ ဘာအမူအရာမှ မထင်ဟပ်လာဘူး၊ သူမဒေါသထွက်လာပြီဆိုရင်တော့ ပြန်ပြီးကို ဒဏ်ခတ်တတ်တယ်၊ သူမသာ ဒေါသမထွက်နေဘူးဆိုရင်တော့ သဘာဝကျကျဘဲ ဘာမှတုံ့ပြန်နေမှာမဟုတ်ဘူး။

ချူးလျန်က ဝမ်လန် ဘယ်လောက်ပျော်ရွှင်နေလဲဆိုတာကို မြင်လိုက်ရတော့ အနည်းငယ် ကူကယ်ရာမဲ့သလိုကို ဖြစ်သွားတယ် " သူတိုတွေက ဒီတိုင်း မိန်းမငယ်လေးတွေပါဘဲ၊ တခေါက်လောက်‌ေလျှာ်ပြီးတာနဲ့ ပြန်လွှတ်လိုက်တော့ "

ချူးလျန်ရဲ့ စကားတွေကို ကြား‌ေတာ့ ဝမ်ချင်းနဲ့ ဝမ်လန်တို့ စိတ်ထဲ စိုးရိမ် မှုတွေ ရှိနေသေးပေမယ့် ပြန်ပြီး တည်ငြိမ်သွားကြတယ် ။

ဝမ်ချင်းက ခဏလောက်တွေးနေပြီးမှ ပြောလာတယ် " တတိယသခင်မလေး သိပ်ပြီးအများကြီးတွေးမနေပါနဲ့၊ တတိယသခင်လေးက အဲ့လိုလူစားမျိုး မဟုတ်ပါဘူး၊ ဒါက အပြင်ကလျှောက်ပြောကြတဲ့ အတင်းအဖျင်းတွေပါဘဲ"

ချူးလျန်က ဝမ်ချင်းဘက်ကို လှည့်ပြီး သူမရဲ့ အယ်မွန်ပုံ မျက်ဝန်းတွေပါကွေးတက်နေအောင် ပြုံးပြလာတယ်၊ ဒီအကြည့်ရဲ့ ပူနွေး‌မှုကြောင့် ဝမ်ချင်းမှာ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားတယ်၊ ပြီးမှ အလောတကြီး ရှင်းပြလာတယ် " တတိယသခင်မလေး ၊ဒီအစေခံက တတိယသခင်လေးဘက်က လိုက်ပြောချင်တာမဟုတ်ရပါဘူး "

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now